Extra

2.7K 178 4
                                    

🤍 IF I'M Ever Gonna Fall In Love 🤍



Extra





"အားယိုး  ပါပါးရေစိုကုန်မယ်လေ သားသားရဲ့ "

1နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ သားသားက လမ်းလေးလည်း လျှောက်တတ်ခါစ ဖြစ်နေပါပြီ။ စကားကတော့ ဒယ်ဒယ် ပါးပါး ခေါ်တာက လွဲပြီး ကျန်တဲ့ စကားတွေဆို ဝူးတူးဝါးတား လိုက်ပြော၏ ။ ခုလည်း အိပ်ယာဝင်ခါနီးမို့ ဒိုက်ပါ လဲပေးပြီး အောက်တစ်ပိုင်းခါးနားထိကို ကြွေဇလုံထဲ ထည့်ပြီး ဆေးပေးနေခြင်းဖြစ်သည် ။ ဒါကို သားသားက လက်ပိစိလေးတွေနဲ့ သူ့ကို ရေနဲ့ ပက်နေပြီး တစက်ကလေးမှလည်း အငြိမ်မနေပါ ။ ဝမ်ရိပေါ်သားက တော်​ေတာ်ဆိုးပါသည် ။

" Daddy နဲ့ တိုင်ရမလား သားသား "

သူပြောတော့ သားသားက မကျေနပ်သလို ဝူးဝူးဝါးဝါးပြန်ပြောပြီး ငြိမ်သွားသည် ။ ရှောင်ကျန့်က ရယ်ရင်း ကြွေဇလုံထဲက သားကို ထုတ်ပြီး အောက်ပိုင်းကို တဘတ်အဖြူလေး တစ်တည်ပတ်ပေးပြီး ရေချိုးခန်းထဲက ထွက်လာသည်  ။

ယုန်ခေါင်းစွပ်ပါတဲ့ Hoodie အဝါရောင်လေး နဲ့ အနွေးထည်ဘောင်းဘီလေးကို ဝတ်ပေးပြီး အောက်ထပ်ဆင်းလာခဲ့သည် ။

သားကိုချီပြီး အောက်ထပ်ဆင်းလာတော့ ကိုက ဧည့်ခန်းထဲမှာ Computer တစ်လုံးနဲ့ အလုပ်ရှုပ်နေလေရဲ့ ။ သူတို့ဆင်းလာတာလည်း မြင်ပုံ မပေါ်သေး ။ ရှောင်ကျန့်က ဧည့်ခန်းထဲ ဝင်လာပြီး ကို့ဘေးက ခုံမှာ ဝင်ထိုင်တော့မှ ကိုက လှည့်ကြည့်လာသည် ။

" ဒီကောင် မအိပ်သေးဘူးလားကွာ ဟေ "

ကိုက ပြုံးရင်း ပြောပြီး သူ့ကိုယ်ပေါ်မှာ ထိုင်နေတဲ့ သားရဲ့ ခေါင်းကို ခပ်ဖွဖွလေး လှမ်းပုတ်သည် ။

" ကို့ သားက ရှူးပေါက်လိုက်လို့ အောက်တစ်ပိုင်း ရေဆေးပေးထားရသေးတယ် "

" ဒီကောင်ကွာ ငါ့ ကလေးကို အလုပ်ရှုပ်အောင် "

သူ့အဖေပြောတော့ သားက ဆုတ်ပုတ်ပုတ်နဲ့ ပြန်ကြည့်၏ သူပြောရင်တောင် ဝူးဝူးဝါးဝါးပြန်ပြောအုံးမှာ သူ့အဖေပြောတော့ ငြိမ်ခံနေ၏ ရှောင်ကျန့်ရယ်ရင်း သားရဲ့ ပါးဖောင်းဖောင်းလေးကို ခပ်ဖြည်းဖြည်းလေး ဆွဲဖဲ့လိုက်သည် ။

You've reached the end of published parts.

⏰ Last updated: Dec 01, 2023 ⏰

Add this story to your Library to get notified about new parts!

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now