ep(16)

2.9K 155 6
                                    

🤍 IF I 'M  Ever Gonna Fall In Love 🤍







ep(16)



" ဟို  .. အခြေနေလေး "

တိတ်ဆိတ်နေတဲ့ အခန်းတွင်းမှာ လူ2 ဦးဘဲ ရှိတာတောင် ရှောင်ကျန့်ရဲ့ အသံက ခပ်တိုးတိုးလေးရယ်သာထွက်လာပြီး မျက်လွှာလေးလည်း အောက်ချထားသည် ။ ခုံအောက်မှာတော့ ရှောင်ကျန့်ဟာ သူရဲ့လက်ချောင်းသွယ်သွယ်လေးတွေကို လိမ်ယှက်နေတာ ​ပြောရမယ်ဆိုရင် သူရှက်နေတာ ။


" အခြေနေက ကောင်းပါတယ် သားရယ် အမျိုးသားက ခွင့်ပြုတယ်ဆိုရင်တော့ ယူလို့ရပါပြီ "

ရှောင်ကျန့်ရဲ့ မျက်လုံးဝိုင်းဝိုင်းလေးက အောက်ဆိုက်နေရာကနေ မျှော်လင့်ချက် များစွာနဲ့ ရှေ့က ဆရာမကြီးကို ကြည့်မိသည် ။  အမျိုးသားက ခွင့်ပြုမှတဲ့လား သူကို့ကို ဘယ်လိုပြောရမှာလဲ ကိုကရော ခွင့်ပြုမှာလား ။ သူကြိုးစားထားတာတွေ အလကားမဖြစ်ချင်ဘူး ကို့ကို တကယ်ကို မိသားစု ဘ၀လေး ပေးချင်တာ ။

ကို့ကို မပြောဘဲလုပ်တဲ့အရာမို့ ကိုသိရင် စိတ်များဆိုးမလား စတဲ့ အတွေးပေါင်းစုံက ရှောင်ကျန့်ရဲ့ ခေါင်းထဲ အစီရီ ဝင်လာတယ် သူဘာလုပ်သင့်လဲ ။ အတွေးများနေတဲ့ ရှောင်ကျန့်ကြောင့် ရှေ့က ဆရာမကြီးက စကားဆက်လာတယ်

" အမျိုးသားကိုလည်း တခါလောက်ခေါ်လာခဲ့ပါ သူ့ကိုပါ စစ်ကြည့်ပြီးရင်တော့ ကလေးယူလို့ ရပါပြီရှင် "

" ဟို ကို့ကို မစစ်ဘဲရော ယူလို့ မရဘူးလားဟင် "

" အမျိုးသားက ကျန်းမာရေး ကောင်းတယ်ဆိုရင်တော့ ရပါတယ်  ဆရာမကြီး ပြောချင်တာက .."

" သူကျန်းမာရေးကောင်းပါတယ် ကိုက အဲ့ဒီကိစ္စတွေမှာ အရှုပ်ရှင်း မရှိပါဘူး "

ခပ်တိုးတိုးဆိုလာပေမဲ့ ထိုကောင်လေးက သူ့အမျိုးသားအပေါ်မှာတော့ အပြည့်၀ယုံကြည်မှုရှိသည့်ပုံ ။

" သိပါပြီ ဒါနဲ့ သားမမ ပြောတာတော့ သားကလည်း ဆရာဝန်ဘဲဆို "

" ဟုတ်ကဲ့ ဆေးကျောင်း နောက်ဆုံးနှစ်ပါ "

" အော် သိပ်တောင် မလိုတော့ဘူးဘဲ 2 လောက်ဆို ကျောင်ပြီးတော့မှာဆိုတော့ သားကိုလည်း အလောက်မှဘဲ ကိုယ်ဝန်ဆောင်စေချင်တယ် ဘာလို့လဲဆိုတော့ သားရဲ့ အမျိုးသားက အကဲပိုတတ်တဲ့ လူဆိုရင် ကိုယ်ဝန်ကြောင့် ကျောင်နားရမယ် ဘာညာ ပြောလာနိုင်တယ်လေ "

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now