ep(15)

3.3K 171 13
                                    

🤍 IF I ' M Ever Gonna Fall In Love 🤍




ep(15)

" နဲနဲ ထူးဆန်းတယ် "

" ငါလည်း အဲ့လိုဘဲ ထင်တယ် "

" ဘာမှထူးဆန်းမနေဘူး တကယ်စာလုပ်နေတာ "

မနက် ကျောင်းရောက်ကတည်းက အကိုထေ၀ရန်နဲ့ အကိုကိရစ်က သူ့ကို ပလိပ်စစ်သလို လာစစ်နေတာ ရှင်းပြနေရတာလည်း အခါပေါင်းမနည်းတော့ဘူး ယောကျ်ားနားကပ်နေတယ်ဘဲ ထင်နေတယ် ။ သူကဖြင့် သူ့ယောကျ်ားနဲ့ 7 ရက်ကြီးတောင်ခွဲနေခဲ့ရတာကို  ။ ဆရာကြီးလည်း ကျောင်းပျက်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီးမဆူ အစက ဟိုကနေ ကျောင်းတက်မယ် ပြောခဲ့ပေမဲ့ ကိုက ဝေးလို့ မတက်ခိုင်းဘဲ သူကိုယ်တိုင်ခွင့်တိုင်ပေးခဲ့လို့ ခွင့်လွယ်လွယ်ရခဲ့သည် ။

ရှောင်ကျန့်ယောကျ်ားက တကယ်ဘဲ ချစ်တတ်လွန်းသူကြီးပါ

" ဆိုတော့ ကျန့်ကျန့် မင်းက မင်းမေအိမ်မှာ ပြန်နေတယ် အကိုရိပေါ်က သူ့အမေအိမ်မှာနေတယ် ရန်ဖြစ်ပြီးဆင်းသွားတာ မဟုတ်ဘဲ ဒီတိုင်း စာလုပ်ဖို့ တခုထဲတွက် ခွဲနေကြတာပေါ့ အလိုလား "

ကိုကိရစ်ရဲ့ စကားအဆုံး ကိုထေ၀ရန်က ရေဘူးကို အဖုံးဖွင့်ပြီး ကိုကိရစ်ရှေ့ ချပေးလိုက်သည် ။ ကိုကိရစ်က ကိုထေဝရန်ကို မျက်စောင်းထိုးပြီး ရေတငုံ ယူသောက်ကာ သူထပ်ထပ်ခါခါဖြေပြီးတဲ့ အဖြေကိုဘဲ ထပ်စောင့်နေပြန်သည် ။ ရှောင်ကျန့် သက်ပျင်းချရင်း ခေါင်းဘဲ ငြိမ့်ပြလိုက်တော့သည် ။ သူယောကျ်ားနဲ့ ခွဲနေဖို့ ပြောတုန်းကတောင် ဒီလောက် မခက်လိုက်ဘူး ။ ဒီနှစ်ယောက်နဲ့ကျမှ

" ဆိုတော့ ... "

" ဆရာလာပြီ "

ကိုကိရစ်က စကားဆက်မို့ လုပ်နေတဲ့ချိန် ဟ်ိုဘက်ခုံက တယောက်က ဆရာလာကြောင်း အသိပေးလိုက်တော့ အားလုံးငြိမ်သွားကြတယ် ။ ရှောင်ကျန့်ကတော့ ရောက်လာတဲ့ ဆရာကိုဘဲ စိတ်ထဲမှာ ကျေးဇူးတင်နေမိသည် ။ အချိန်တွေ ဆက်တိုက်ဖြစ်နေလို့ ဘယ်သူမှ စကားမပြောဖြစ်ကြတော့ နေလည်အတန်းနားချိန် အထိ

ကန်းတင်းရောက်တော့ 3 ယောက်သား စားနေကျဟာဘဲ မှာလိုက်ကြသည် ။ စားသောက်တွေ လာမပို့ခင် ကိုထေ၀ရန်က စကားစသည် ။

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now