ep(13)

3K 164 13
                                    

🤍 IF I 'M Ever Gonna Fall In Love 🤍







ep(13)






ကမာ္ဘမြေပြင်ပေါ် ဖြန့်ကြတ်လာတဲ့ နေရောင်ခြည်နွေးနွေး ။ တကျီကျီ အော်မြည်နေတဲ့ ခေါင်းရင်းသစ်ပင်က ငှက်လေးတွေ မနက်ခင်းက နေအလင်းနဲ့ သာယာကြည်နူးဖို့ ကောင်းပေမဲ့ သူ့ရင်ထဲမှာတော့ တခုခုကို လွမ်းနေသလို ဟာတာတာနဲ့ ။ ဒီနေ့နဲ့ဆို ချစ်ရသူကိုနဲ့ ခွဲနေရတာ 5ရက် တောင်ရှိနေပြီ။ လွမ်းတယ် ခင်ဗျားရင်ခွင် လွမ်းတယ် ခင်ဗျားကိုယ်သင်းနံ့ လွမ်းတယ် ခင်ဗျားနဲ့ ပတ်သတ်တဲ့ အရာရာ ။


ဒေါက် ဒေါက် !


အပြင်က တံခါးခေါက်သံကြောင့် ပြန်မထူးပေမဲ့ တံခါးဆီ အကြည့်ပို့မိသည် ။


" အငယ်လေး နိုးနေပြီလား အောက်မှာ ရိပေါ်ရောက်နေတယ် "


ကြားလိုက်ရတဲ့ စကားကြောင့် ငြိုးငယ်နေတဲ့ မျက်နှာလေးက စိန်ပွင့်သဖွယ် တောက်ပသွားတယ် ။ ကိုရောက်နေတယ်လို့ ပြောလိုက်တာ မလား ။


ချက်ချင်းအိပ်ယာပေါ်က ခုန်ဆင်းပြီး မှန်ရှေ့​ရပ်ကာ ပွယောင်းနေတဲ့ ဆံပင်လေးကို လက်နဲ့ဘဲ သပ်သင်ပြီး အခန်းထဲက ပြေးထွက်လာခဲ့သည် ။

လှေကားအရင်းကနေ လှမ်းကြည့်လိုက်တော့ ဧည့်ခန်းထဲကို တန်းမြင်နေရတဲ့အခါ ပထမဆုံး မြင်တာက အိမ်ကလူ ။ Shirt လက်ရှည် အပြာနုရောင်လေးကို တံတောင်ဆစ်ထိ ခေါက်တင်ထားလို့ ခပ်စိမ်းစိမ်းမြင်နေတဲ့ရတဲ့ အကြောတွေနဲ့ လက်တစုံ ။ စကားပြောတဲ့ အခါ အထက်အောက် ရွေ့လျားနေတဲ့ Adam Apple ။ တည်ငြိမ်အေးဆေးလွန်းတဲ့ မျက်နှာ ။ ဒီကမာ္ဘမှာ ငါ့ယောကျ်ားလောက် ချောတဲ့လူ ထပ်မရှိတော့ဘူး ။


တစိမ့်စိမ့်ငေးကြည့်နေမိတယ် အချိန်တခုကြာတဲ့အထိ ။ ထိုအချိန် ကိုက သူ့ကိုမြင်သွားပုံ မျက်ခုံးပင့်ကာ ပြုံးပြလာတယ် ။


" ဖြေးဖြေးဆင်းခဲ့ ပြုတ်ကျမယ် "

တည်ငြိမ်ပြတ်သားလွန်းတဲ့ အသံက သြဇာအပြည့်မို့ ဒူးထောက်ကိုးကွယ်ချင်စရာ ကောင်းလွန်းတယ် ။ ပါးပါး မားမား နဲ့ မမပါ ထိုင်နေတဲ့ အတွက်ကြောင့် သူ့မှာ ဆင်းပြေးပြီး ဖက်ချင်စိတ်ကို မနဲထိန်းထားရတယ် ။ ဘာမှမဖြစ်သလို အိန္ဒြေရရဘဲ ဆင်းလာလိုက်ပြီး ကို့ဘေးအသာ၀င်ထိုင်လိုက်တယ်


🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now