ep(21)

3.1K 182 11
                                    

🤍 IF  I' M Ever Gonna Fall In Love 🤍






ep(21)


ရိပေါ်ရဲ့ ခပ်ကြောင်ကြောင် စကားမှာ ရှောင်ကျန့်မှာ ပါးစပ်လေး ဟပြီးတောင် ကြောင်အ နေလျှက်  ။ သူလက်ထပ်တာနဲ့ ကိုယ်နဲ့ ဘာဆိုင်တာ ။ သူမလာလို့ရော ဘာဖြစ်မှာမို့လိုလဲ  ။

" ဘယ်လိုလဲ ကိုယ့်မဂ်လာဆောင် လာပြီး ကိုယ့်သတို့သမီးလေး လုပ်ပေးမှာလား "

နောက်ထပ် သူမျက်နှာ နားထိ တိုးကပ်လာပြီး ပြောလာတဲ့ အကို့စကားကြောင့် ရှောင်ကျန့်မှာ နောက်ကို လှည့်ကြည့်မိသည် ။

" ဘယ်သူ့ကို ပြောနေတာလဲ "

" ဟောဗျာ ဒီမှာ ခင်ဗျားလေးနဲ့ ကိုယ် နှစ်ယောက်ထဲရှိနေတာလေ ကလေးကို ပြောနေတာပေါ့ "

ဒါက တကယ်ကို ကြောင်တောင်တောင် နိုင်လွန်းတယ်မလား ။ သူ့ဦးနှောက်က တွေးဖို့ လိုက်မမှီနိုင်တော့ဘူး ။ ခု အကိုက သူ့ကို Propose လုပ်နေတာလား လက်ထပ်ခွင့်တောင်းနေတာလား  ။

ပါးစပ်လေးတောင် ဟပြီး ကြောင်တောင်တောင်လေး ဖြစ်နေတဲ့ ကလေးပေါက်ကို ရိပေါ်အသည်းယားလွန်းလို့ ပါးလေးနှစ်ဖက်ကို လက်ဝါးထဲထည့်ပြီး ပွတ်ချေမိတဲ့ အထိ

" ချစ်တယ်  ကိုယ့်ကို ပြန်ချစ်ပေးနိုင်မလား အချစ်လေး "

ဒီနေ့ ကြားလိုက်ရတဲ့ စကားတွေက အထူးဆန်းတွေဘဲ ။ ဒါက တကယ်လား အိပ်မက်လား  ။ ရှောင်ကျန့်မှာ စမ်းသပ်တဲ့ အနေတဲ့ သူ့ပါးပေါ်က ရိပေါ်လက်တဖက်ကို ဆွဲယူပြီး ကိုက်ပစ်လိုက်သည် ။

" အား အ့ ခွေးပေါက်လေး ဘာလို့ ကိုက်တာလဲ ဗျာ "

ရိပေါ်မှာ အကောင်ပေါက်က ရုတ်တရက် သူ့လက်ကို ဆွဲယူပြီး ကိုက်လိုက်တာမို့ အကောင်ပေါက် ပါးစပ်ထဲက သူ့လက်ကို မနဲဆွဲထုတ်လိုက်ရတယ် ။ ယုန်သွားတွေနဲ့ အံကြိတ်ပြီးကို ကိုက်နေတာ ဒီခွေးပေါက်ကလေ

" အားးးး တ တကယ်ကြီးဘဲ အကိုက ကျနော့်ကို ကြိုက်တယ်တဲ့လား အားးးးး တကယ်ရီးနော်  "

ရှောင်ကျန့်မှာ လက်သီးစုတ်ကို ပါးစပ်ထဲထည့်ကိုက်ပြီး ရိပေါ်ကို တချက်ကြည့်ကာ သူ့မမဆီ ပြေးသွားတော့သည် ။

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now