ep(2)

4.6K 194 6
                                    

🤍 IF I ' M Ever Gonna Fall In Love 🤍


ep(2)



ရှောင်ကျန့်ရဲ့ လက်သွယ်သွယ်လေးနှစ်ဖက်က ရိပေါ်ရဲ့ မျက်နှာကို အုပ်ကိုင်ထားတယ် ။ အသက် 29 နှစ်ရွယ် အမျိုးသားတယောက်က ငယ်ရွယ်သေးပေမဲ့ ဤအမျိုးသားကတော့ ရင့်ကျက်မှု အသွင်ကို ဆောင်နေတယ် ။ ခန့်ညားလွန်းပြီး တည်ကြည်လွန်းတာကြောင့် လူတိုင်းရဲ့ ခေါင်းငုံ့ အရိုသေပေးမှုလေးစားမှုနဲ့ ထိုက်တန်တဲ့ လူလည်း ဖြစ်သည် ။ အလုပ်တွဲလုပ်နေတဲ့ သူအချင်းချင်းတောင် ရိပေါ်ကို လေးစားကြတယ် ။

ကုတင်ကို မှီထိုင်နေတဲ့ ရိပေါ်ရဲ့ ရင်ဘက်ပေါ် ခေါင်းတင်ထားတဲ့ ရှောင်ကျန့် ဟာသူ့ယောကျ်ားရဲ့ ခန့်ညားမှုကို တမေ့ တမျော ငေးမောနေတယ် ။  သူ့ရဲ့အကြည့်ကို ရှောင်မသွားဘဲ စူးရဲရဲ စိုက်ပြန်စိုက်ကြည့်လာတဲ့ ကိုကြောင့် သူကဘဲ အရှက်သည်းစွာ မျက်နှာ အရင် လွှဲမိလိုက်တယ် ။ တကယ်ဘဲ ကိုရဲ့ အကြည့်စူးစူးကို သူခံနိုင်ရည်မရှိဘူး နှလုံးသားလေး အရည်ပျော်တော့မလိုဘဲ ။

" ကိုက နမ်းမယ်ထင်နေတာ "

ကိုဟာ ရယ်ရွှမ်းရွှမ်းနဲ့ ထိုစကားကို ပြောလာတယ်  ။ လက်တဖက်ကလည်း ရှောင်ကျန့်ရဲ့ ဆံပင်အုပ်အုပ်လေးကို ခပ်ဖွဖွ ပုတ်နေတယ် ။

" ရေမှ မချိုးရသေးတာ သွားလည်း မတိုက်ရသေးဘူး  ဒီမှာ ကြည့် "

ရှောင်ကျန့်ဟာ သူရဲ့ ဖြူဖြူဖွေးဖွေး ယုန်သွားလေးတွေကို  စိပြလာတယ်  ။ ရိပေါ်မှာ အသည်းယားစွာ ပန်းဆီရောင် သန်းနေတဲ့ နှုတ်ခမ်းပါးလေးကို မြတ်နိုးစွာ ငုံ့နမ်းလာတယ် ။

  ရုတ်တရက်မို့  ရှောင်ကျန့်ဟာ ကို့ရဲ့ ခါးကို ခပ်တင်းတင်း ဖက်လိုက်မိတယ် ။ ခနကြာမှ သတိ၀င်ကာ အနမ်းတွေကို ပြန်လည်တုန့်ပြန်ရင်း ပါးစပ်လေးပါ ဟပေးနေမိတယ် ။

ကိုက သူ့ခေါင်းကို လက်ကြီးကြီး 2 ဖက်နဲ့ ဖိကိုင်ထားပြီး ကျွမ်းကျင်စွာ နမ်းနေတယ် ။ ခေါင်းမှ တဆင့် လက်တွေက သူ့နောက်ကျော အိကျီကို လှန်ပြီး ပွတ်သပ်နေတယ်  ။

" ကို    ထမင်းစား လာခေါ်တော့မှာ "

ရှောင်ကျန့်က ကိုတယောက် ဘယ်ထိ သွားချင်နေတာလဲ ဆိုတာ သိပြီမို့ အနမ်းမှ အလျှင်အမြန် ရုန်းထွက်ကာ သတိပေးလိုက်တယ် ။

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Dove le storie prendono vita. Scoprilo ora