Part1(Zawgyi)

4.2K 27 2
                                    

"Times up (အချိန်စေ့ပြီ)"
အချိန်စေ့သွားပြီဖြစ်ကြောင်း Bell တီးသံနှင့်အတူ သူ၏စာတမ်းအတွက် Defence လုပ်ခြင်းသည် ပြီးဆုံးသွားပြီဖြစ်သည်။ ကောင်းစည်သူသည် သူ၏စာတမ်းကို ကျေနပ်နေကြသော သက်ဆိုင်ရာ ပရော်ဖက်ဆာများနှင့် ဆရာ ဆရာမများကို လက်ဆွဲနှုတ်ဆက်ကာ ကျေးဇူးတင်စကားပြောကြားပြီး ပစ္စည်းများသိမ်းဆည်းကာ ကျောင်းအခန်းဆီမှ ထွက်ခွာလာခဲ့သည်။ လမ်းလျှောက်လာရင်း ကျောပိုးအိတ်ထဲမှ အသံပိတ်ထားသော ဖုန်းကိုထုတ်ယူကာ ကြည့်လိုက်လျှင် မေမေ ထံမှ စာပို့ထားသည်ကိုတွေ့ရသဖြင့် ဖုန်းပြန်ခေါ်လိုက်ရသည်။ အမှန်တော့ ဤနေ့သည် သူ့ပါပါး ဦးကောင်းမင်း ကျောက်ကပ်အစားထိုး ခွဲစိတ်နေသောနေ့ဖြစ်သည်။ သူ နှစ်ရှည်လများ ကြိုးစားနေခဲ့ရသော ဗိသုကာပညာ ဘွဲ့လွန် စာတမ်းဖတ်သည့်နေ့နှင့်တိုက်ဆိုင်နေခဲ့သောအခါ ဆေးရုံတွင် မေမေသာ စောင့်ပေးနေခဲ့ရခြင်းဖြစ်သည်။ တက္ကသိုလ် ပရဝုဏ်အတွင်း ကားပါကင်မှာရပ်ထားခဲ့သော Telsa ကားပေါ်သို့အရောက်တွင် မေမေဖုန်းကိုင်ခဲ့လေသည်။

"သားလေး... "

"ဟုတ် အမေ... "

"မင်းပါပါး ခွဲစိတ်မှု အောင်မြင်တယ်နော်... သား စာတမ်းအခြေအနေရော "

"အိုကေတယ် အမေ... ကျွန်တော်ဆေးရုံကိုပဲ တိုက်ရိုက်လာခဲ့မယ်... "

"အေး... အေး သားလေး "

လရှည်ကြာစွာ ဤစာတမ်းကြောင့် ခေါင်းရှုပ်ခဲ့ရသဖြင့် ဆံပင်ညှပ်ဖို့ပင်သတိမရစွာဖြင့် သူ၏ဆံပင်သည် ဂုတ်ထောက်နေပြီဖြစ်ပြီး မုတ်ဆိတ်မွေးငုတ်စိလေးများလည်းစီကာရီကာထွက်နေသည်။ တရုတ်သွေးတစ်ဝက်ပါသဖြင့်ဖြူဖွေးသောအသားအရေမှာ ယခု သူတစ်နှစ်ခန့်ရောက်ရှိနေသော အမေရိကန် နယူးယောက်မြို့၏ရာသီဥတုကြောင့် နီစပ်စပ်ပင်ဖြစ်ချင်နေသည်။ မျက်ခုံးမထူမပါးအောက်က မြန်မာလူမျိုးဖြစ်သော မိခင်နှင့်တူသဖြင့် ခပ်ဝန်းဝန်းဝိုင်းဝိုင်းဖြစ်နေသော မျက်လုံးများသည် မျက်ကွင်းညိုကာမျက်တွင်းပင်ကျချင်နေသည်။ နှုတ်ခမ်းထူထူတို့က စီးကရက်မသောက်တတ်သဖြင့်ပန်းရောင်သမ်းနေတတ်သော်ငြား ယခုအခါ ဖြူဖတ်ဖြူရော်ပင်ဖြစ်ချင်နေပြီဖြစ်သည်။ ထို့အပြင်
စာမေးပွဲများစာတမ်းများနှိပ်စက်သောဒဏ်နှင့် ပါပါးကျန်းမာရေး အတွက်ပူပင်ရခြင်းတို့ကြောင့်ပါ ပိန်သွားသောကိုယ်လုံးကြောင့် ၆ပေ ရှိသောအရပ်အမောင်းသည် ခပ်ကိုင်းကိုင်းပင်ဖြစ်သွားရသည်။ မည်သို့ပင်ဆိုစေ ယခုတော့ နှစ်လရှည်ကြာစွာ ကြိုးစားခဲ့သမျှသည် အရာထင်ခဲ့ရပြီဖြစ်သည်။

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောWhere stories live. Discover now