Part23(Uni)

7.3K 356 32
                                    

"ဟကောင်ရေ.... "

ရဲဇင်ယော်မြင့် တို့၃ယောက် PNT CEO အခန်းထဲဝင်လိုက်သောအခါ ကောင်းစည်သူကိုတွေ့လျှင် ရီချင်သွားရသည်။
သရဖီစည်သူကိုချီကာ အလုပ်လုပ်နေသော ကောင်းစည်သူသည် စံပြဖခင်ဆုကိုပေးရမည့်ရုပ်နှင့်ဖြစ်သည်။ ဆေးရုံမှာ ကူးအိပ်ပျော်နေတုန်း ရုံးကိုခဏလစ်ထွက်လာရကာ လုပ်စရာရှိတာတွေ အမြန်ကျုံးလုပ်နေရသော သူ့ပုံမှာ အလုပ်များနေသော်လည်း လျှို့ဝှက်ချက်တွေမရှိတော့သောကြောင့် ပေါ့ပါးလန်းဆန်းလှသည်။

"ကလေးက ရုံးကို ဘယ်လိုပါလာရတာလဲ"

ဖီဖီ့ကို ကောင်းစည်သူလက်ထဲက ပြန်ချီယူရင်း ခွန်နောင်ဆင့်က မေးလိုက်သည်။ ကောင်းစည်သူသည် ကလေးသူ့လက်ထဲကလွတ်သည်နှင့် အသက်ရှူချောင်သွားသော ပုံစံဖြစ်သွားသည်။

"ဖီဖီ့ကို  ရုံးကပြန်တာနဲ့ကူးငယ် ဆီခေါ်သွားပြမလို့လေ...ကလေးအဖေလုပ်ရတာမလွယ်လိုက်တာကွာ.... ခုက ကလေးထိန်းကို ခဏထမင်းထွက်စားခိုင်းလိုက်တာ... "

"လူပျိုလေးကနေ ကလေးအဖေတန်းဖြစ်တော့ မနေတတ်မထိုင်တတ်ရုပ်နဲ့ "

"အဟဲ.... "

ရှက်ပြုံးတချက်ပြုံးကာ လက်ပ်တော့ကို စူးစိုက်ကြည့်နေသည်။ ကလေးကလဲ အဖေတူဆိုတော့ ကောင်းစည်သူနှင့်ဆို လုံးဝသားအဖပင်ဖြစ်သည်။ ၈လအရွယ်ရှိပြီဖြစ်သော ဖီဖီသည် လူကြီးလက်ထဲတွင်အငြိမ်သိပ်မနေချင်တော့ပေ တွန့်လိမ်ထိုးကာ ကြမ်းပြင်တွင် တွားသွားချင်နေသည်။ ခွန်နောင်ဆင့်က ကော်ဇောပေါ်ချပေးလိုက်တော့ တွားသွားကာ ရေထဲလွှတ်လိုက်သည့် ငါးလေးလို မြူးတူးကာဆော့နေလေတော့သည်။

"မင်း ကို သတိပေးရဦးမယ်... "
ရဲဇင်ယော်မြင့်က ဆိုဖာမှာ ထိုင်လိုက််ရင်း ခရီးရောက်မဆိုက်ပြောမည်လုပ်သည်။ သူကတော့ စာကြည့်မျက်မှန်ကိုင်းနက်လေးယူတပ်ကာ မှတ်တမ်းတစ်စောင်ဖတ်ရင်းလှည့်မကြည့်ဘဲ​မေးလိုက်သည်။

"ဘာတုန်း... "

"မင်း ကူးမ ကို ဘာမှသေချာမရှင်းပြရသေးဘူးနော်"

" ဟိုနေ့က ပါပါးနဲ့မေမေကလဲ လာရှင်းပြသွားပြီ ယွန်းကလဲရှင်းပြထားပြီထင်တယ်"

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောWhere stories live. Discover now