Part27(Uni)

6.8K 255 24
                                    

"ဒီနေ့ ကျောင်းက စီနီယာ တစ်ယောက်ရဲ့ မဟာအထူးကုဘွဲ့ယူကျမ်း ပြည့်စုံပြီးမြောက်မှုကို ခုခံကာကွယ်ခြင်း အခမ်းအနားကို အွန်လိုင်းကနေပဲ တက်ရောက် လေ့လာဖြစ်တယ် သိလား ကိုလေး"

လက်ပ်တော့ ကွန်ပြူတာစခရင်မ်လေးကို ကြည့်လိုက် စာအုပ်အကြီးကြီးတွေကို ပြန်ဖတ်လိုက်
ကီးဘုတ်မှာ  တဂျောက်ဂျောက် စာရိုက်လိုက်ဖြင့် အလုပ်များနေသော ကူးငယ်သည် သူအခန်းထဲဝင်လာသည်ကိုတွေ့သည်နှင့် သူမလေး၏ ယနေ့ ကျောင်းအတွေ့အကြုံကို စကားလှမ်းပြောနိုင်သေးသည့်အရည်အချင်းကိုပိုင်ဆိုင်ထားသည့် ချစ်စဖွယ်ကောင်မလေးတစ်ယောက်ဖြစ်ပါသည်။

"အိုးမိုင်ဂေါ့ဒ်  ကိုလေးရေ .... ဆရာတွေ မေးပုံ၊ မြန်းပုံ၊ အရေခွံ ခွာပုံတွေက ကျွတ်စင်ကြီး။ ဇ မရှိရင် တက်မလာနဲ့ ဆိုတဲ့ ပုံစံမျိုး"

"လွန်ခဲ့တဲ့နှစ်ကတည်းက ကိုယ်ကကြုံခဲ့ရပြီးပြီ... ဖြစ်နိုင်ရင် အဲ့အချိန်တွေ ပြန်တောင်မသွားချင်ဘူးရယ်.. အချိန်ယူ ပြင်ဆင် မထားရင် ထိုင်ငိုချရမယ့် ပုံစံပဲ ကူးငယ်... ဆရာဝန်နဲ့ အင်ဂျင်နီယာ စာတွေမတူပေမယ့် မဟာဘွဲ့ကတော့အဲ့ပုံစံပဲလာမှာပဲ....
အဲ့ဒီတော့  ဆရာတွေရဲ့ တိုက်ခိုက်မှုကို ပြန်လည် ခုခံရမလား၊ ထွက်ပြေးရမလား ဒါကူးငယ်လေးအပေါ်မူတည်သွားပြီ "

"ပြေးစရာလား.... ကူးက ပြန်ဖိုက်ရမှာပေါ့"

စာကြည့်မျက်မှန်လေးတဆင့်ခံထားသော်လည်း ကူးမျက်လုံးလေးများက တဖျတ်ဖျတ်လက်နေသည်။ ကူးပိုင်နိုင်လှသည့် ဒီလိုနေရာမျိုးတွင်မူ ကူးသည်အေးရာအေးကြောင်း မုန့်စိမ်းပေါင်း ဟု သူ့ကိုယ်သူဟာသလုပ်ပြောသလို ဟုတ်မနေဘဲ အလျှော့ပေးရမှာ ဝါသနာမပါသည့်စရိုက်မျိုးကိုတွေ့ရသည်။
ကူးငယ်၏ဘဝတွင် လူနာများဆေးစာအုပ်များသည် အရေးပါသည့်နေရာတွင်ရှိသဖြင့် နတ်နေကိုင်းသဖွယ် သူထိ၍မရသည်ကို သတိပြုမိသဖြင့် ထိုကိစ္စများနှင့်ပတ်သက်လာလျှင် ကူးငယ်စိတ်တိုင်းကျသာ သူဖြစ်စေခဲ့ရသည်။ သို့သော် စိတ်ရောဂါကုဆရာဝန်တစ်ယောက်တွင် အရေးပေါ်လူနာဟူသည် မရှိသလောက်ရှားပါးလှသဖြင့်တော်ပါသေးသည်ဟု ဆိုရမည်။ မဟုတ်လျှင် တခြားအထူးကုတွေလို အရေးပေါ်ဆိုသည်နှင့် သူ၏ချစ်လှစွာသော ကူးငယ် ညသန်းခေါင်အချိန်မတော် ထသွားနေရလျှင် သူ စိတ်မချလို့ရူးသွားနိုင်သည်။

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောWhere stories live. Discover now