Part8(Uni)

6.6K 223 5
                                    

"ချီးပဲ အဲ့လောက်ထိလိုလို့လား ခွန်နောင်ဆင့်ရာ..."

ဤပြဇာတ်၏ ဒါရိုက်တာအဖြစ် ပါပါးထံမှ တာဝန်လွှဲပြောင်းယူထားသော ထို၃ကောင်သည် ဇာတ်လမ်း၏အစကို ဆေးရုံမှာ အခြေပြုလိုက်ကြသည်။  ခွန်နောင်ဆင့် အကိုဝမ်းကွဲ၏ဆေးရုံသည် သူတို့လုပ်ချင်ရာလုပ်ဖို့ နေရာကြီးဖြစ်တော့သည်။

"ဆေးရုံကနေ ဇာတ်လမ်းအစပြုတာ ကောင်းတယ် ဆိုပေမယ့် ငါ့ကို ခြေထောက်တဖက်ကျိုး လက်တဖက်ကျိုး ပုံစံလုပ်ထားတာ အဆင်မပြေဘူးလေကွာ "

"မင်းမယားလောင်းက ဆရာဝန်မဟ... အက်ဆီးဒန့်ဖြစ်တယ်ဆို ခွဲစိတ်ရတာလား ဘာညာမေးရင် ဆေးအထောက်အထား ပြနိုင်ရင်တောင် ဘယ်မလဲ ချုပ်ရိုး.. ခုက လက်ကျိုးခြေကျိုးက ကျောက်ပတ်တီးစည်းပြီး ဓာတ်မှန်တွေရော ဘာညာလုပ်ကြံလို့ရတယ်လေဟ... "

ကောင်းစည်သူမှာ ဒဏ်ရာမရှိဘဲ ကျောက်ပတ်တီးကိုင်ခံထားသဖြင့် လှုပ်မရဖြစ်ပြီး အသွားအလာ အားမရသဖြင့် မိကျောင်းသား၃ကောင်ကိုသာ မေတ္တာနာနာပို့၍ စိတ်တိုနေတော့သည်။

"လူလွန်မသားတွေ... ငါ လှုပ်မရတော့ဘူးကွ"

"လှုပ်မရအောင်ကို လုပ်ထားတာ... ဒီနေ့ ကူးမ ပြန်ရောက်ပြီ... ခုပဲ  ပန်းနံသာအိမ်က ဖုန်းဆက်တယ်..စန္ဒကူးက လေဆိပ်ကနေ အိမ်ကိုမဝင်ဘဲ ဆေးရုံတန်းလာမှာပါတဲ့.. "

"လက်ကျိုးနေတော့ ထမင်းခွံ့ပေးမှာပေါ့... ခြေကျိုးနေတော့ တွဲခေါ်ပေးမှာပေါ့..ညီမလေးက... "

"ငါလေ... ချီး"

ဆဲနေရင်းနှင့် သူမခမျာ ကိုမင်းကို စိုးရိမ်ရှာတာ ဟုတွေးကာ စိတ်မကောင်းဖြစ်သွားရသည်။ ကိုမင်းနှင့်သူမတို့ခမျာ ကံကြမ္မာဆိုးကြောင့် စလုံးရေမစရသေးဘဲ သေကွဲကွဲသွားခဲ့ပြီဖြစ်သည်။ ကိုမင်းဆုံးတာသိလျှင် ကောင်မလေး ဘယ်လိုနေမှာပါလိမ့်....။ သူမလေးကရော ကိုမင်းကို ဘယ်လိုသဘောထားရှိခဲ့လဲ... နှစ်ဦးသားကြားမှာ ဘယ်လို ကတိကဝတ်တွေပေးထားခဲ့ကြလဲ သူမသိရသေးပါ။ သူမနှင့်တွေ့လျှင် မီးစင်ကြည့်ကဖို့ရာ စဥ်းစားထားရလေသည်။

"ကိုကြီး"

လူမရောက်မီ ချိုသာလွင်အေးသော အသံက နားထဲသို့်အရင်ရောက်လာသည်။ စိုးရိမ်တကြီးဖြစ်နေသော ဟန်ပန်လေးနှင့် ကြယ်စုလေးလို  မျက်နက်ဝန်းများက မျက်ရည်ဥလေးများဝေ့ဝဲကာ သီခိုနေသည်ကို သူရုတ်တရက်မြင်လိုက်ရပါသေးသည်။

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောWhere stories live. Discover now