Part9(Uni)

6.4K 247 14
                                    


"ဆေးရုံဆင်းလို့ရပြီကွ... ဆေးရုံဆင်းလက်မှတ်နဲ့ဆေးစာအုပ်တွေ ယူလာပြီ "

ရဲဇင်ယော်မြင့်က အခန်းထဲဝင်လာသည်နှင့် ဖိုင်တွဲကိုမြှောက်ပြသည်။သူ ဒီလိုလုပ်လာရသည်ကလဲအကြောင်းရှိသည်။ဆရာဝန်ဖြစ်သော ကူးမ ကိုယ်တိုင်သွားယူလိုက်လျှင် အလိမ်ပေါ်သွားမှာ စိုးရိမ်ရသောကြောင့် ကူးမ သွားမလုပ်ခင် တစ်ကွက်ကြိုဦး လာခဲ့ရခြင်းဖြစ်သည်။ သူတို့၏ သူငယ်ချင်းကြီး မင်းစည်သူတဖြစ်လဲကောင်းစည်သူသည် ကုတင်ပေါ်တွင် ကူးမ ခွံ့ကျွေးသော ခေါက်ဆွဲပြုတ်ကို စားကာ ကောင်းစားနေသည်။ သူတို့ကိုတွေ့သောအခါ ဆရာသမားက ရှက်သွားပြီး မျက်နှာကဖြန်းကနဲနီရဲသွားပြန်သည်။

' ကောက်ညင်းကမစီးကောက်ကြမ်းကစီးနေတဲ့ အကောင် '

ရဲဇင်ယော်မြင့် က မလိုတမာတွေးလိုက်သည်။ခွန်နောင်ဆင့်ကတော့ ကူးမ အလစ်မှာ လှောင်သလို အပြုံးထေ့ထေ့ဖြင့် ကြည့်နေသောအခါ သကောင့်သားမှာ ပိုရှက်လာရလေသည်။

"ဆေးရုံဆင်းပြီးလည်း မင်းအိမ်ကို  ငါတို့ လာရဦးမှာပဲ..  ကူးမ ငါတို့ခဏခဏလာလို့မျက်စိမနောက်နဲ့နော် "

"မနောက်ပါဘူးနော်... ကိုဝဠာ က အစားအသောက်ကြိုက်မှန်းသိလို့ အိမ်မှာရှိတာအကုန်ချကျွေးမှာ "

"သဘောကောင်းတဲ့ ခယ်မ ရမှာ ဝမ်းသာလိုက်တာ "

"အိုး..."

"ဟ.. ဝဠာ"

ရှေ့မကြည့်နောက်မကြည့် ပြောချလိုက်သော ဝဠာ့ကြောင့် နှစ်ယောက်လုံး ခေါင်းငုံ့သွားရပြန်သည်။ ကူးမှာ ဘွင်းဘွင်းကြီးပြောတတ်သော ကိုဝဠာ့အကြောင်းသိနေသော်လည်း နည်းနည်းရှက်သွားသောစိတ်ကို တား၍မရပါပေ ။ ကိုကြီးကို မဝံ့မရဲကြည့်လိုက်တော့ ရဲတွတ်နေသော မျက်နှာနှင့် နားရွက်က ကူးထက်တောင် ပိုရှက်နေတာတွေ့ရလေသည်။

ဟင်... ကိုကြီးက အဲ့လိုမှမဟုတ်တာ ။ မုဆိုးဖိုမို့ လူပျိုမဟုတ်သော ကိုကြီးသည် အဲ့လိုစနောက်ခံရလျှင်လည်း သက်တောင့်သက်သာဖြစ်နေရမှာမဟုတ်လား ။ ကူးနဲ့ လက်ထပ်ဖို့ကိစ္စတွေပြောရင်လည်း အေးဆေးစွာရှိနေတတ်တာ ။

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောWhere stories live. Discover now