Part17(Uni)

6.4K 270 13
                                    


"လာရင်းကိစ္စတော့ မင်းသိပြီးပြီထင်တယ် "

"သိသင့်သလောက်တော့သိပါတယ်ဗျာ"

ဦးဆွေဟိန်း၏ အသံမှာ အနည်းငယ်ပင်တုန်နေသယောင်ရှိသည် ။ မကျေနပ်သော်လည်း သက်သေပြဖို့ ခက်ခဲသောကြောင့် သူ့ကြောင့်ဟု တထစ်ချလဲ မစွပ်စွဲနိုင်သေးဘဲ လိုအပ်နေသော ငွေပမာဏတစ်ခုကြောင့်သာ သူ့ထံသို့ လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း အမူအရာတို့က ထင်ရှားနေသည်။ ကောင်းစည်သူသည် PNT CEO ရုံးခန်းရှိ ဆိုဖာတွင် မှီရင်း ခပ်အေးအေးပင် ခြေချိတ်ထိုင်ကာ ပထမဆုံးအဆင့်မှာပင် ကျရှုံးနေသော ဦးဆွေဟိန်းကို လက်ခံတွေ့ဆုံနေခြင်းဖြစ်သည်။

"အေး... ငါလုပ်ငန်း အခက်အခဲတွေကြောင့် ငွေလိုနေတယ် ..ခု ငါရောင်းမယ့်ဟာကို မင်းလိုချင်မယ်လဲထင်တယ် မင်းစည်သူ"

"ဘယ်လောက်ရာခိုင်နှုန်း ရောင်းမှာလဲ ..."

"၇ရာခိုင်နှုန်း..."

"တို့စိတို့စိ မလုပ်နဲ့ ဦးဆွေဟိန်း... ကျွန်တော်မကြိုက်ဘူး... တခါတည်းအပြီးရောင်းနိုင်ရင်ရောင်းသွား မဟုတ်ရင် အဖြတ်ဖြတ် ခွဲရောင်းနေတာမျိုး ကျွန်တော်လဲမလိုချင်ဘူး... ဝယ်လဲမဝယ်ဘူး"

"မင်း... "
ဦးဆွေဟိန်း၏ ရင်ဘတ်မှာ ဖားဖိုကြီးကဲ့သို့ နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည် ။ ဒေါသကိုမနည်းထိန်းထားရဟန်တူသော ထိုလူ၏ အပူဓာတ်သည် သူထံမှဖြာထွက်နေသော အအေးဓာတ်ကို ဝင်ရောက်ထိုးဖောက်၍မရပေ။

"ငါတခြားလူကိုရောင်းလိုက်ရင် ဘာဖြစ်သွားမယ်ထင်လဲ"

"ရှယ်ယာ ၈၀ ရာခိုင်နှုန်း ကို CEOမိသားစုက အုပ်စီးထားနိုင်တဲ့ ကမ်ပဏီတစ်ခုကနေ ၂၀ ရာခိုင်နှုန်း ဆိုတာ ဘာမှဝင်စွက်ဖက်မရတဲ့ အဆိပ်မရှိတော့တဲ့ ရာခိုင်နှုန်းတစ်ခုနော်...ဦးဆွေဟိန်း... စီးပွားရေးလောကထဲက ဘယ်သူဝယ်မှာလဲ... အကျိုးအမြတ်ပဲ ထိုင်စားချင်လို့ဝယ်မယ့်လူဆိုရင်လဲ ကျွန်တော့လောက်စျေးကောင်းကောင်းမပေးနိုင်ဘူးလေ.. ဒါကြောင့်လဲ ခင်ဗျား ကျွန်တော့ဆီ ရောက်လာခဲ့တာပဲမလား"

ဦးဆွေဟိန်း၏ ပုံစံသည် ချက်ကောင်းမိသွားသလို ခေါင်းငိုက်စိုက်ကျသွားခဲ့သည် ။ သို့သော် ဟန်ကိုယ့်ဖို့လုပ်ကာ ချက်ချင်းပြန်တည်ငြိမ်ဟန်ပြုသည်။

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောWhere stories live. Discover now