Part16(Uni)

6.6K 267 16
                                    


မျက်လုံးမဖွင့်မီကပင် သင်းပျံ့သော ပန်းအနံ့လေးက အရင်ရပြီးသားဖြစ်နေရသည်။ အခန်းတွင်းအပူချိန်က အဲကွန်းဖွင့်ထား၍ အေးနေသော်လည်း ထူးထူးဆန်းဆန်းနွေးနေသည်မှာ သူ့ရင်ခွင်ထဲက ကောင်မလေးကြောင့်ဆိုသည်မှာ ပြောစရာမလိုတော့ပေ။ ကောင်မလေးသည် သူ့ရင်ခွင်ထဲမျက်နှာအပ်ကာ အိပ်ပျော်နေသည်။
ဒီကောင်မလေးကို ဖက်၍အိပ်မိသည့်နေ့တိုင်း ခေါင်းထဲတွင် ကြည်ရှင်းတောက်ပြီး နိုးထလာနိုင်သည်မှာ အံ့သြဖို့ကောင်းလှသည်။

ကောင်မလေးမျက်နှာလေးကို ခွင့်ပြုချက်မယူဘဲ လက်မနှင့် ပွတ်သပ်ပေးမိပြီး သူ့ထံ ဆွဲမော့လိုက်သည်။ နှီးတစ်ပြား ဆိုသောစကားကို မေမေပြောတာ ကြားဖူးပါရဲ့.. ။ မျက်တောင်လေးတွေရှည်နေတာမှ နှီးပြားလေးတစ်ပြား တင်ထားလို့ရတယ်တဲ့။ ခု ကူးရဲ့မျက်တောင်လေးများက ထိုကဲ့သို့ပင်။ မျက်တောင်ကော့ကော့လေးနှင့်မှိတ်ထားသောမျက်လုံးလေးများကို နိုးသွားမှာစိုးသဖြင့် ဖွဖွလေး သူ ခိုးနမ်းလိုက်သည်။

"အဲ့..အဲ... "

သမီးတော်က နိုးနေပြီ ဖြစ်သည်။ သမီးလေးက အသံပေးသည်နှင့် ဆတ်ကနဲနိုးလာသောကူးသည် သူ့ရင်ခွင်ထဲရောက်နေမှန်းသိသောအခါ လန့်သွားသည်။

"ကိုကြီး... "

"မနေ့က ကိုကြီးအိပ်ယာမှာ ဖီဖီနဲ့ဆော့ရင်း အိပ်ပျော်သွားတာ... အဲ့ဒါ ...ကိုကြီးကလဲ ပြန်မရောက်သေးတော့...ဟိုလေ "

"မောနင်း... ကူး"

ဖြေရှင်းချက်တွေ တရစပ်ပေးနေသော ကောင်မလေး အနေရခက်နေမည်စိုး၍ သမီးကိုသာခေါင်းလေးအသာပုတ်ကာ ထထွက်လာခဲ့သည်။ အမှန်ဆို သူမလေးတို့နှစ်ယောက်အိပ်နေရင် သူလဲ တခြားနေရာသွားအိပ်လို့ရတာပဲမလား.. ။ သူ့ကိုမေးခွန်းပြန်ထုတ်ရင် သူပါ အကြောင်းပြချက်ပေးနေရမှာစိုးသဖြင့် ခပ်တည်တည်နှင့် ထွက်လာရသော်လည်း ရေချိုးခန်းထဲ မျက်နှာသစ်ရင်း ပီတိပြုံးကြီးဖြင့် ကျေနပ်မိနေသည်ကို သူပဲသိလေသည်။

"ဒီနေ့ ရှူတင်ရှိမယ် ကူး... ဒီညနေ အိမ်ကိုစောစောပြန်ရောက်မယ်နော်... ညကတော့ အိမ်ပြန် နောက်ကျသွားတယ် ဝဠာတို့အိမ်မှာ အစည်းအဝေး ရှိနေလို့"

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောWhere stories live. Discover now