Part14(Uni)

6.2K 240 20
                                    

ချစ်ခြင်းတရားကို အချိန်ကာလနဲ့တိုင်းတာလို့ရမယ်ထင်လား....ကူးငယ်
ချစ်ခြင်းတရားကို အချိန်ကာလနဲ့တိုင်းတာမယ်ဆိုရင်....
Love at first sight ဆိုတာလည်း ရှိလာမှာမဟုတ်ဘူး......
(ကောင်းစည်သူ )
.
.
.
.
.
မနက်ခင်း၏နေရောင်နွေးနွေးလေးက အခန်းထဲက ပူးကပ်ယှက်တွယ်ထားသော သူတို့နှစ်ယောက်ပေါ်သို့ ဖြာကျနေခဲ့သည်။
ကောင်းစည်သူသည် တညလုံးအိပ်ရေးဝဝအိပ်လိုက်ရသဖြင့် ကျေနပ်နှစ်သိမ့်စွာ မျက်လုံးမှိတ်ရင်းပြုံးနေမိသည်။  ကူးကိုပွေ့ဖက်ထားသော လက်များကို တညလုံးမဖြုတ်ပေးခဲ့ပေ။

အဖြူရောင်သိပ်ကြိုက်သော ကူး၏ အခန်းက ပရိဘောဂများလဲအဖြူရောင် လိုက်ကာအိပ်ယာအပြင်အဆင်များကအစ အဖြူရောင် သီးသန့်သာသုံးထားသည်။ အဖြူရောင်စောင်ပုံထဲက အိပ်မောကျနေသော သူ့နတ်သမီးသည် အပြစ်ကင်းစင်စွာ ချစ်ဖို့ကောင်းလှသည်။

"အွန်း..."

ပျင်းကြောလေးဆန့်ကာ နိုးထလာသော ကူးသည် မျက်လုံးလေးပွင့်လိုက်သည်နှင့် ကိုကြီးကိုမြင်လိုက်ရသည်။ ကိုကြီးသည် ကူးလှုပ်လာသည်နှင့် ကူးကို ချက်ချင်းဆိုသလိုရှက်ကိုးရှက်ကန်းနှင့် လွှတ်ပေးလိုက်လေသည်။ ကူးနှင့်အကြည့်ချင်းလဲမဆုံတော့ဘဲ အင်မတန်မှ အနေရခက်ကာ အိုးတို့အန်းတန်းဖြစ်နေပုံ ဖြစ်သည်။

"ဆောရီး... ကိုယ်..အာ... ကျေးဇူးပါ ကူး..."

အယောင်ယောင်အမှားမှားနှင့်ပေါက်ကရပြောနေသော ကိုကြီးကိုကြည့်ကာ ကူးရယ်ချင်လာရသည်။ မနေ့က ယခင်ပုံစံတွေနှင့်မတူ အက်ကွဲနေသောအသံဖြင့်အရုပ်ကြိုးပျက်ဖြစ်ခါနီး ပုံစံကြောင့်သာ ငြိမ်နေလိုက်ရတာ။ ယနေ့မနက်တော့ ကိုကြီးသည် စိတ်လက်ကြည်သာနေကာ ငြိမ်သက်အေးဆေးသော နဂိုပုံစံသို့ပြန်လည်ရောက်ရှိသွားပြီဖြစ်ပါသည်။

"မောနင်း ကိုကြီး "

မနက်စာစားပွဲဝိုင်းသည် မိသားစု၃ယောက်နှင့် နွေးထွေးစိုပြည်နေခဲ့သည်။ သရဖီစည်သူလေးကိုအလယ်မှာထားကာ ဖြည့်စွက်စာ တလှည့်စီ ခွံ့ပေးရင်း သူသိပ်ကိုကြည်နူးနေသည်ကို သတိထားမိနေသည်။ သမီးက ကိုမင်းနှင့်သူ့လိုရုပ်မျိုးချွတ်စွပ်ဖြစ်ပေမယ့် မျက်လုံးလေးတဖျက်ဖျက်လက်နေသည့်ပုံက အဒေါ်ဖြစ်သည့် ကူးနှင့်သွားတူသည်ပဲ ။ ဒါပေမယ့် စိတ်ကတော့ အမေဖြစ်သူ ကြည်နူးလို စိတ်ကြီးမည့်ပုံမျိုးလေး ။

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောWhere stories live. Discover now