Part15(Uni)

6.2K 269 23
                                    

"အခု စိုးထိုက်ကို စောင့်ကြည့်နေတယ်... အလွတ်စုံထောက်တစ်ယောက်လွှတ်ထားတယ်"

ဝဠာထက်တန်၏ Fox စံအိမ်လေးတွင် သူတို့စုစည်းမိကြသည်။  Fox စံအိမ်လေးသည် တက္ကသိုလ်တက်ကတည်းက စားအိမ်သောက်အိမ် လေးယောက်ပေါင်းလောင်းကျော် သောင်းကျန်းလာသည့်အိမ်မို့ ကိုယ့်အိမ်ကိုယ့်ယာလိုသဘောထားပြီး နေလို့ရသည့်အိမ်လေးဖြစ်သည်။

"ပန်းနံသာမှာအစည်းအဝေးလုပ်ရင် ဘယ်သူလာချောင်းနားထောင်မလဲနဲ့ မလုံဘူး ချီး.... "

ခွန်နောင်ဆင့်က ဝဠာ့မီနီဘားစင်ပေါ်မှ အရက်ပုလင်းများကို တပုလင်းချင်းစီရွေးနေရင်း ပြောလိုက်သည်။ စီမံကိန်း ရဲဇင်ယော်မြင့်ကမူ အစိုးရိမ်လွန်နေသည့်ရုပ်နှင့် မှုန်ကုပ်ကုပ်ဖြစ်နေသည်။ သူ့မှာကတော့ ခဏနေကြုံရမည့်ပြဿနာကို လာမည့်ဘေးပြေးတွေ့ဖို့ သွေးအေးအေးနှင့်စဥ်းစားကောင်းနေတုန်းဖြစ်သည်။

"သွင်ခန့်ငြားတို့အုပ်စုကို ငါဒီမှာပဲ ချိန်းထားတယ် ခဏနေရင်ရောက်လာလိမ့်မယ်... "

သွင်ခန့်ငြားတို့အဖွဲ့သည် ကိုမင်းမရှိတော့သည့်အကြောင်းနှင့် ကိုမင်းနေရာ သူအစားဝင်နေတာကို သိသွားလျှင် ဘယ်လောက်တောင် ပေါက်ကွဲလိမ့်မလဲ ။ သူသည်  စီးကရက်ဖွာကာ ထိုအုပ်စုအား ထိုင်စောင့်နေလိုက်သည်။

ခု ကောင်းစည်သူ PNT မှာရှိနေတာ ၂လပြည့်တော့မယ် ဘာတွေတိုးတက်လာလဲ ဘာတွေငါတို့ရနေပြီလဲဆိုတာ စစ်ကြည့်ကြမယ် "

"စိုးထိုက်ဟာ ရုံးမှာတော့ သူ့ရဲ့ အခုရာထူးအသစ်မှာ လှုပ်မရတော့လို့​ဗျာများနေတာ...."

"သူ့ကို ယုံကြည်ပြီး ရုံးပိုင်းဆိုင်ရာမှာ ရာထူးပေးသလိုနဲ့ လှုပ်မရအောင် စောင့်ကြည့်နေကြတာရော ညွှန်ကြားချက်အဆင့်ဆင့်နဲ့သွားရတာရောနဲ့ဆိုတော့ သူ ကြားထဲ ကလိမ်ကကျစ် လုပ်လို့မရတော့ဘူး... "

စီးကရက်ပြာများကိုချွေကာ သူပြောလိုက်သည်။ PNT ၏ လည်ပတ်နေမှုအစီအစဥ်များသည် သူ့လက်ထဲသို့ 100% ကျရောက်သွားပြီဖြစ်သည်။ PNT မှာ အပ်တစ်ချောင်းပြုတ်ကျလျှင်တောင် သူသိနေသည့်အဆင့်ဖြစ်အောင်ထိ သူတို့၄ယောက်  ကြိုးတန်းမှာလမ်းလျှောက်သလို ကြိုးစားခဲ့ရသည်။ စီးကရက်နောက်တလိပ်ကို စိမ်ပြေနပြေဖွာရင်း မီးခိုးများကိုရီဝေဝေနှင့်ကြည့်နေမိသည်။

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောWhere stories live. Discover now