Part30(Uni)

7.6K 265 24
                                    

"ကျွန်တော်တို့ PNT ရဲ့ အားထုတ်မှုများကို ချဲ့ထွင်ရန်နှင့် စွမ်းရည်ကို မြှင့်တင်ရန် လိုအပ်ကြောင်း အသိအမှတ်ပြုသည့်အတွက် ပီတိဖြစ်ရပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ် "

အနက်ရောင်တိုက်ပုံ ၊အနက်ရောင်ရှပ်အင်္ကျီ ၊ အနက်ရောင်မှာငွေချည်အနည်းငယ်ပါသော ပုဆိုးက ဖြူဆွတ်သောအသားအရေပိုင်ရှင် လူတစ်ယောက်ကို ထင်းလင်းသန့်ခန့်နေစေသည်။ ဆုလက်ခံရရှိကြောင်း ကျေးဇူးတင်စကားပြောကြားနေသည့် ဟန်ပန်က မီးမောင်းထိုးထားသော စင်အမြင့်ပေါ်တွင် အရှိန်အဝါရှိသော မင်းသားတစ်ပါးနှယ်ဖြစ်သည်။

လက်ခုပ်သံများ၏ အဆုံးတွင်တော့ စင်ပေါ်မှာရှိနေသော ​သူ့ကိုဆုချီးမြှင့်သည့် မြို့တော်ဝန်က ဂုဏ်ပြုစကားပြောကြားသည်။

"ကွန်ဂရက်ကျူလေးရှင်း ကိုကောင်းစည်သူ... ခင်ဗျား လက်ထက်မှာ PNT က ပိုသွက်လာတာ ကျွန်တော်တို့ မျက်ဝါးထင်ထင်ကြီးမြင်နေရတာဗျာ.. ခင်ဗျားကိုကြည့်ရပုံက အေးစက်စက်နဲ့.... ကမ်ပဏီနဲ့ခင်ဗျားပုံစံက ပြောင်းပြန်အချိုးကျတာပဲ"

"ကျွန်တော့အမျိုးသမီးအပေါ်လည်း ပြောင်းပြန်အချိုးကျပါတယ်ဗျ... "

စင်အောက်က လူအားလုံး ဝိုင်းကာရယ်လိုက်ကြသည်။ တည်ငြိမ်အေးဆေးသော်လည်း စီးပွားရေးသမားပီသလှသော အရွှန်းဖောက်ပုံကြောင့် ဒီလူရွယ်သည် လုပ်ရည်ကိုင်ရည်ရှိသည်သာမက ရှုထောင့်စုံမှာ ထင်ထားသည်ထက်ထက်မြက် အကင်းပါးသူဖြစ်ကြောင်းပေါ်လွင်နေလေသည်။

"မယားတရူးကတမျိုး... "

ခွန်နောင်ဆင့်နှင့် ဝဠာထက်တန် က လက်ခုပ်တီးဖို့ဟန်ပြင်ရင်း ရဲဇင်ယော်မြင့်၏ တစ်တစ်ခွခွနှင့်တီးတိုးပြောနေသည်ကို ကြားလျှင် ခွီးကနဲရယ်သည်။ သူတို့ကောင်ကြီး ကောင်းစည်သူသည် ဒီ ၄ လအတွင်း အလုပ်နှင့်ဖီဖီကိုသာအာရုံစိုက်ပြီး သူ့ကမ်ပဏီ၏ရှယ်ယာစျေးကွက်ကို ထိပ်ဆုံးထိ ဆွဲတင်သွားနိုင်သူဖြစ်သည်။

"ဒီကောင့်ကို မယားနဲ့ဝေးဝေးထားရမှာ... ဒါဆို ဒီလို result ကောင်းကောင်းထွက်လာရော... "

ခွန်နောင်ဆင့် က ဝိုင်တကျိုက်ယူသောက်ရင်း စပ်ဖြဲဖြဲနှင့်ပြောလိုက်သည်။ ဝဠာက မထင်ပါဘူးဟူသောရုပ်နှင့် ခေါင်းတခါခါလည်တခါခါ လုပ်ကာဆက်​ပြောသည်။

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောWhere stories live. Discover now