Part32 Final(Uni)

14.5K 318 39
                                    

"Cut "

ဒါရိုက်တာ၏အသံကြားသည်နှင့် ကောင်းစည်သူသည် အချုပ်အနှောင်ကြားထဲမှ လွှတ်လိုက်သလို ချက်ချင်းပင် ပေါ့ပါးလန်းဆန်းသွားရပေသည်။

"ကိုကောင်းစည်သူ တို့ ချက်ချင်းလန်းဆန်းသွားလိုက်တာ"

ဒါရိုက်တာက ရေပုလင်းလှမ်းပေးရင်း ရယ်ပြောပြောသည်။ ကောင်းစည်သူသည် ရေပုလင်းကိုလှမ်းယူရင်း အသက်ဝဝခုမှရှူသွင်းရသည့်ပမာပင်။

"ဇောချွေးတောင်ပြန်တယ်... "

ပုဝါတစ်ခုယူရင်း မျက်နှာကိုပွတ်သုတ်လိုက်သည် ။အဆီမပြန်အစက်အပြောက်မရှိသည့်မျက်နှာက ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်သဖြင့် နီမြန်းသွားရသည်။

"အမှန်အတိုင်းပြောရရင် ကျွန်တော် ဒါမျိုးဝါသနာသိပ်မပါဘူးဗျ... "

ဒါကတော့လုံးဝအမှန်တရားပင်။ အေးဆေးသက်သာစွာ ကိုယ့်အလုပ်ခန်းတွင် အိမ်ဒီဇိုင်းပုံစံမျိုးစုံဆွဲချင်သူက ကင်မရာရှေ့တွင် တင်ဆက်ပြသနေရသည်ကတော့ သက်တောင့်သက်သာမရှိသည်မှာ အသေအချာပင် ဖြစ်ပါသည် ။

"ကျွန်တော့အကို ကိုမင်းက PNT ကိုအများကြီးမျှော်မှန်းခဲ့တာ ဆောက်လုပ်ရေးလောကမှာ ထိပ်တန်းအမြဲရောက်စေချင်တာ...ခု ဒီနိုင်ငံမှာ ဆောက်လုပ်ရေးကမ်ပဏီဆို PNT ရှိမယ် ဇင်ယော်ရှိမယ် HP ရှိမယ်... အဲ့ ခုထဲမှာ PNT ကို လူပိုသိစေဖို့ သူနည်းမျိုးစုံနဲ့ကြိုးစားခဲ့တာပဲ...
"

ပြောရင်း ရေတကျိုက်သောက်လိုက်ကာ အမောဖြေနေသော သူ့ပုံစံသည် အေးစက်သော်လည်း ခန့်ငြားကာ သူပြောသောစကားကိုနားမထောင်ဘဲမနေနိုင်အောင်ဆွဲဆောင်မှုရှိလှသည်။

"ဒီတနည်းလဲ အပါအဝင်ပေါ့...

တချက်ပြုံးလိုက်ကာ စကားဆက်ပြောလိုက်သော ဟန်ပန်က ရုပ်ရှင်မင်းသားများစွာဖြင့် ဇာတ်လမ်းများစွာရိုက်ကူးခဲ့ဖူးသော ဒါရိုက်တာပင် ယောကျ်ားအချင်းချင်း ငေးရလောက်ပါသည်။

ခု ဒီ Season ပြီးရင် ခဏတော့အနားယူဦးမယ်ဗျာ... ရပ်လို့မရဘူးဆိုတာတော့ ကျွန်တော်သိပါတယ်... ကိုမင်း ...အင်း ...သူစခဲ့တဲ့ ဇာတ် ကျွန်တော်ဆက် က နေရတာပေါ့.. စီးပွားရေးသမား ဖြစ်လာမှတော့ ဒါတွေကြုံတွေ့နေရတာပါပဲ "

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောWhere stories live. Discover now