Part4(Zawgyi )

2K 15 2
                                    

"ဟင် လင်မယားလိုတော့ မပေါင်းစေချင်ဘူးဆို မပေါင်းဘူး ဒါပေမယ့်ကွာမပေးဘူး... ဘာကြီးတုန်း"

"အေးပါဆိုဟယ်... "

"တော်တော်ကြောက်ဖို့ကောင်းတာ အတ္တသမား ယောက်ျားတွေများ "

ယွန်းသည် မျက်မှောင်လေးကျုံ့၍အလိုမကျသည့်ပုံလေးဖြင့် ပြောနေသည် ။ ကူးဘက်က ဒေါသလိုက်ဖြစ်ပေးရသဖြင့် လက်သီးလေးပါတင်းတင်းဆုပ်ထားမိသည်။

"အဲ့ဒါ နင်သတိထားရမှာနော် ကူး"

"ဘာကိုလဲဟင်... "

"နင့်ကိုကြီးက ကွာမပေးဘူး ဆိုတာ တချိန်ချိန်မှာ နင့်ရဲ့ လင်ယောက်ျားအစစ်လဲ
ဖြစ်သွားနိုင်တယ်နော်... "

"ဟင်... "

"ငါပြောမယ် နင်လဲ ချောချောလှလှအပျိုလေး... သူလဲ လူလွတ်. ခုချိန် ညီမလေးအရင်းလိုပါပဲတို့ ဘယ်လိုဘယ်ပုံပြောပြော သူလဲ ဘာသားနဲ့ထုထားတာမှတ်လို့... လက်မှတ်ထိုးပြီးပြီဆိုတော့ လင်ယောက်ျားဆိုတဲ့အခွင့်အရေးယူပြီး တကွေ့မဟုတ်
တကွေ့ တွေ့ကြတော့မှာ"

"ဒုက္ခပါပဲဟယ်... "

"ပြီးတော့ PNT ရဲ့ကိစ္စတွေက နင်သူ့ဘေးနားရှိနေမှ နင့်ကိုလက်ထပ်ထားမှကို အဆင်ပြေမှာဆိုတော့ လင်မယားလိုမနေဘူးဆိုတာ ကလေးတယောက်ကိုချော့ပြောသလို နင့်ကိုပြောသွားတာ... နင့်ကို သူလုံးဝကွာလဲမပေးလောက်ဘူး လင်မယားလဲအနှေးအမြန်ဖြစ်မှာပဲ..."

ကူးမှာ လက်ထဲက သံပုရာရည်ခွက်လေးကိုတောင် မော့မသောက်နိုင်ဘဲ ငိုင်သွားရတော့သည်။

"ခုအခြေအနေကလဲ လက်ထပ်မှဖြစ်မှာဆိုတော့ ကံကြမ္မာကိုပဲ အပြစ်ပုံချရမလားဟယ်... "

"ငါ ကိုကြီးကို မယူတော့ဘူး ဒါဆို... "

ကူးသည် ထိုသို့ပြောသာပြောရသည် လက်တွေ့ကျကျစဉ်းစားလိုက်လျှင် မလွယ်မှန်းလဲသိနေလေသည်။ ယွန်းကတော့ မတတ်သာသည့်အဆုံးမှာ အားပေးရှာပါသည်။

"အဲ့လိုကလေးဆန်ဆန်တွေးလို့မရတော့ဘူး ကူးရယ်..နင် ရှယ်ယာတွေအကုန်လွှဲပေးမယ်ဆိုရင်တောင် နင့်ကိုကြီးက အရွယ်ကောင်း ၃၂နှစ်ပဲရှိသေးတယ်... နင်မဟုတ်တဲ့မိန်းမနဲ့နောက်အိမ်ထောင်ပြုခဲ့ရင် PNT က ပိုပြီးရှုပ်ထွေးလာမှာ..ပြီးတော့ နင့်တူမလေး....
သူ့မှာအမေမရှိတော့ဘူးလေ
မိထွေးနေရာကို မတတ်သာလို့ရွေးရမယ်ဆို နင်အသင့်တော်ဆုံးပဲ ကူး"

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောWhere stories live. Discover now