Part26(Zawgyi)

1.4K 29 0
                                    

"ကူးငယ်လေးရဲ့ အချစ်ကိုသံသယဝင်မိလို့ကိုယ်တောင်းပန်ပါတယ် ကူးငယ်ရယ်"

ကူးကို တဖက်သို့ပြန်လှည့်လိုက်စဉ် ကူး၏နှုတ်ခမ်းလေးများတဆတ်ဆတ်တုန်လာသည်ကို..... ကူး မျက်နှာလေးမဲ့နေသည်ကို.. မျက်ရည်စများခိုတွယ်လာသည့်ကူး၏မျက်ဝန်းတစုံတဖျတ်ဖျတ်လက်လာသည်ကို ......
ကောင်းစည်သူမှာမတွေ့ချင်ဘဲတွေ့နေရသလိုပင်။

ခေါင်းကိုငုံ့ချလိုက်သော ကူး၏မျက်ဝန်းကို ကောင်းစည်သူလိုက်ကြည့်မိလိုက်လျှင် ကြမ်းပြင်ပေါ်သို့ ပိုးပိုးပေါက်ပေါက်ကျဆင်းနေသော မျက်ရည်များကို တွေ့လိုက်ရပါသေးသည်။

"ဟာ... ကူးရယ်... "

ကူးလက်ဖျားလေးကို လက်တဖက်မှ လှမ်းဆွဲကာ လက်တဖက်က မေးစေ့လေးမှကိုင်၍ ဆွဲမော့ယူရသည်။ ပါးပေါ်မှာ မျက်ရည်စီးကြောင်းလေးတွေနဲ့ ကောင်မလေးက မော့လာခဲ့သည်။ သူနှင့်အကြည့်ချင်းမဆုံချင်ဆုံချင်ဖြစ်နေသော ကူးမျက်ဝန်းမှာ အချစ်တွေမြင်နေရသည်ပဲ ။

"အိမ်ပြန်ရအောင် ကူးငယ်ရယ်.... မနက်ဆို အားလုံးပုံမှန်ဖြစ်သွားမှာ... ဟုတ်ပြီလား"

"ဘာလို့... ဘယ်မှာ"

ဂျစ်ကန်ကန် ဖြစ်ချင်နေသော ကူး၏ နှုတ်ခမ်းဖူးလေးပေါ်ကိုလက်ညှိုးလေးတင်ပေးလိုက်ရသည်။

" ရှူး... ကူးငယ် "

"ကိုယ့်အချစ်နဲ့အရာရာအကောင်းဆုံးဖြစ်စေရမယ် ကူးငယ်... ကူးငယ် ဒီအတိုင်းယုံကြည်ပြီး လိုက်လာပေး"

ခေါင်းထဲတွင်လဲ ရီဝေဝေမို့ ကူးလဲ ကိုလေးကို ဘာမှဆက်မပြောချင်တော့ပါပေ။ ကိုလေး ယွန်းကိုနှုတ်ဆက်နေသံလဲ ကြားပါသည်။ စကားပြောချင်စိတ်လဲမရှိတော့ပြီမို့ ကိုလေး အိမ်ပြန်ဖို့လာခေါ်သည့်နောက်ကိုသာ လိုက်ဖို့ရာ ဆုံးဖြတ်ပြီး ကိစ္စအားလုံး မနက်ဖြန်သို့သာ ရွေ့ဆိုင်းထားလိုက်ပါတော့မည်။

.
.
.
.
.
.

ပါးပြင်ပေါ်မှာ နွေးသော အထိအတွေ့လေးတွေရနေရသည်။ မျက်လုံးပိတ်ထားသော်လည်း ပျံ့ပျံ့လေးသင်းနေသောအနံ့ကိုရလျှင် ဒါ ကိုလေး၏ ရေမွှေးနံ့ပဲဟု ကူး သိနေရသည်။

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောTahanan ng mga kuwento. Tumuklas ngayon