Part7(Zawgyi)

1.7K 15 0
                                    


"ကျွန်တော် ဒီကိစ္စကို အချက်နှစ်ချက် နဲ့ပြောမယ် ပါပါး....တစ်အချက်က ကျွန်တော် ဝဠာ၊ခွန်နောင်ဆင့်နဲ့ရဲဇင်ကို ဘယ်တော့မှ ဘယ်အရာမှ မဖုံးကွယ်ခဲ့ဖူးဘူး ဒီကိစ္စကိုလဲ ဖုံးထားစရာအကြောင်းမရှိဘူး ခုလဲသူတို့သိသွားပြီးပြီပဲ.... ကိုမင်းဆုံးပြီးပြီးချင်း သူတို့သိတာ....ကျွန်တော်ပြောလိုက်တာ...
နောက်တစ်ချက်က ဒီလောက်ကြီးမားပြီး စွန့်စားရမယ့် ကိစ္စကြီးကို သူတို့မပါဘဲ ကျွန်တော်လုပ်နိုင်မယ်မထင်ဘူး"

"ဟုတ်ပြီ... ဒါဆို သားကြီးနေရာမှာသားငယ် လောလောဆယ် ဝင်သရုပ်ဆောင်နေတာကို အဲ့၃ယောက်သိမယ် ပါပါးသိမယ် မင်းအမေသိမယ် "

"..ပထမ ၃လလောက်အတွင်း ကိုမင်းရဲ့ သူငယ်ချင်းတွေကို မသိစေရသေးဘူး... "

"ရတယ်လေ... သွင်ခန့်ငြားနဲ့ ခွန်းဇော်မိုးတို့က မြိတ်ကျွန်းစုနဲ့အာဆီယမ် ဟိုတယ်လ် ပရောဂျက်ကြောင့် လောလောဆယ် မရှိကြဘူး...မြိတ်ဘက်ရောက်နေတယ်.... သုထက်အောင်ကျော် က Europe မှာ...သားကြီးနဲ့က Video call နဲ့ပဲပြောနေကြတယ်ဆိုတော့ လောလောဆယ် ထိန်းထားလို့ရမယ် "

"ပြီးတော့...."

"ပြီးတော့... ဘာလဲသားငယ်"

"စန္ဒကူးနှင်းဆီ ပါ မသိစေရဘူး.... "
.
.
.
.
"သေဖော်ညှိတဲ့ ခွေးသားလေး"

"ဘာပဲပြောပြော သစ္စာမဖောက်ဘဲ တွင်းထဲဆွဲချလို့ကျေးဇူးပဲ ဟကောင်ရေ "

"ငါ့မှာ ဘာဝဋ်ကျွေးရှိလို့လဲ မြွေပွေးရေ ဘယ်မှာလဲ ငါ့အတွက် တရားမျှတမှု"

ဆဲဆိုသံများပလုံစီပေါက်ထွက်လာသော်လည်း ထို၃ကောင်၏ မျက်နှာများကကျေနပ်နေကြသည်။ အသက်အန္တရာယ်အထိမှန်းဆထားသော ကိစ္စကြီးတစ်ခုကို စွန့်စားရမည် ဥာဏ်သုံးရမည်ဖြစ်သဖြင့် အကြောက်အလန့်မရှိစွာ တက်ကြွနေကြသည့် ပုံတွေက ဟန်ဆောင်မရပေ။

ကောင်းစည်သူသည် ရှေ့မှာ ဖြစ်ပျက်နေသော သူ့သူငယ်ချင်း ၃ကောင်ကို သုန်မှုန်စွာကြည့်လိုက်သည်။ ဒီကိစ္စမှာ ပျော်စရာဆိုလို့တစ်ခုမှ သူမတွေ့ ။ သူ့အကိုရော မရီးရော မကြာသေးသော ကာလအတွင်းတမလွန်ခရီးနှင်သွားသဖြင့် ဝမ်းနည်းခြင်း စိတ်အလိုမကျခြင်းတို့နှင့်အတူ စိတ်ထဲရှုပ်ထွေးပူလောင်နေချိန်တွင် ဟို၃ကောင်က လိုတာထက်ပိုပြီး ပျော်သလိုဖြစ်နေသဖြင့် အလိုမကျသောမျက်ခုံးများကတွန့်ချိုးသွားသည်။ အနေအေးကာ တည်ငြိမ်သည်ဟု အများပြောစမှတ်ပြုရသော သူ့အတွက် ထို၃ကောင်သည် မိန်းကလေးတွေသာဆို ဆတ်စလူးဟုပြောရမလားပင်။

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောWhere stories live. Discover now