Part5 (Uni)

6.2K 189 4
                                    

"ကိုကြီး မနက်ဖြန် ကူး UK သွားမလို့... "

မနက် Breakfast ဝိုင်းတွင် ကူးသည် ကိုကြီးကိုအသိပေးလိုက်ရသည်။ ကိုကြီးသည် လက်ထဲကိုင်ထား​သည့် Ipadမှ သတင်းများဖတ်နေရာက ကူးထံသို့အကြည့်ရောက်လာသည်။

"ဘယ်လောက်ကြာမလဲ ကူး... ဘာလိုသေးလဲ ဟိုကငှားထားတဲ့အိမ်ကပြန်အပ်ပြီးပြီလား... "

"နှစ်ပတ်လောက်ကြာမယ်... အိမ်လဲ ခုပြန်အပ်ခဲ့ဖို့ရယ် ကျောင်းကိစ္စတွေစီစဥ်ဖို့ရယ် နဲ့ ချက်ချင်းကြီးထသွားရတာ... အာ့ကြောင့် ကလေးခေါ်မသွားတော့ဘူးနော်...ဗီဇာ ပတ်စ်ပို့တွေရော ကလေးထိန်းပါခေါ်ရမှာတွေရောရှုပ်လို့..."

"ရပါတယ် ပါပါးနဲ့ မေမေလဲ နက်ဖန်ရောက်ပြီ ကလေးကို မေမေနဲ့ကိုကြီးနဲ့တွဲကြည့်ပေးထားမယ်...."

"ပန်းနံသာမှာ အကုန်စီစဥ်ထားခဲ့ပြီနော်... ကလေးထိန်းဆရာမအသစ်လဲ လဲထားပေးခဲ့တယ်... ကလေးကိုစိတ်လဲရှည်တယ် အရည်အချင်းရှိတယ် ။ မဆိုးပါဘူး "

ကူးနှင့် ကိုကြီးသည် ဟိုတနေ့က အခြေအတင်ဖြစ်ကတည်းက လုံးဝ စကားမပြောဖြစ်ကြပေ။ ကူးကပဲရှောင်နေခြင်းဖြစ်ပြီး ယခုကူး UK သွားဖို့ရှိသဖြင့် စကားစပြောရခြင်းဖြစ်သည်။

"ကူး... ဒါလေး ယူထားဦး...ငွေထည့်ပေးထားတယ် "

ကိုကြီးက သူ့အိတ်ထဲမှVisa ကဒ်လေးတကဒ်ကိုထိုးပေးလာသောအခါ ကူးသည် ငြင်းနေလဲ မရမည့်တူတူ မယူချင်ဘဲ ယူထားလိုက်ရပါသည်။

"ကူး...."

ကူး၏ တဖျပ်ဖျပ်လက်နေသောမျက်ဝန်းများသည် မင်းစည်သူကိုကြည့်ကာ အဓိပ္ပာယ်ရှာသည်။ မင်းစည်သူ၏ မျက်နှာသည် တည်တံ့ငြိမ်သက်ကာ ကူးကို တိုးရှိုးတောင်းပန်ချင်သော အမူအရာဖြစ်နေလေသည်။

"ကိုကြီး ကူးကို အစစအရာရာအတွက် တောင်းပန်တယ်နော် "

"မလိုပါဘူး..ကိုကြီး....ကူးမှာလဲ PNT အတွက်တာဝန်ရှိပါတယ်....ကိုကြီးနေရာကလည်း ကူး စာနာပါတယ်...ကူးဗွေမယူပါဘူး"

ကူး၏ လေပြည်အေးနှင့်တူသောစကားသံအဆုံးမှာ မင်းစည်သူသည် စိတ်သက်သာရာရသွားရသည်။ဟိတ်မရှိဟန်မရှိ ကြည်နူးနှင့်မတူလှသော ကူးကို သနားနေပေမယ့် သူဘာမှမတတ်နိုင်ခဲ့ပေ။
ဘယ်အရာမှာအံချော်နေသလဲ ဘယ်နေရာက ဖြေရှင်းဖို့ခက်ခဲနေသလဲဆိုသည်ကတော့ ​ကူးရောသူပါ ရင်ဆိုင်ရမည့်အမှန်တရားတစ်ခုဖြစ်ပါသည်။
.
.
.
.
.
အိမ်တစ်အိမ်လုံး သိမ်းဆည်းထားပြီးသားအနေအထားတစ်ခုဖြစ်သောအခါ ကောင်းစည်သူသည် စန္ဒီ့လက်ထဲသော့အပ်လိုက်လေတော့သည်။ ယနေ့နေ့လည်တွင် သူပြန်ရတော့မည်။ ရှိသမျှအကုန်သိမ်းဆည်းကာ စန္ဒီ့လက်ထဲ သော့အပ်ထားတာပိုကောင်းသည်။ အရေးအကြောင်းဆို အိမ်ထဲ ဝင်ကြည့်၍ရအောင်ဖြစ်သည်။

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောWaar verhalen tot leven komen. Ontdek het nu