Part13(Uni)
6.5K 264 9
"တွေ့လား ပြောရင်းစကားတွေက ထွက်လာပြီ... ခါးနာနေတာ ကိုယ့်ကိုမပြောဘဲ ကြိတ်သည်းခံနေတာပေါ့.... ဒီလိုလုပ် ကိုယ်နဲ့ကူးနဲ့ ကုတင်ကို တယောက်တခြမ်းသုံးရင်ရော"
"ရှင်..."
မျက်လုံးလေးပြူးသွားသော ကူးကြောင့် သူ့မှာ ထစ်ထစ်ငေါ့ငေါ့ဖြစ်ကာ ပျာပျာသလဲလဲ ရှင်းပြရပါတော့သည်။
"အာ... ကိုယ်ပြောချင်တာ ဟိုလိုမဟုတ်ဘူး... ဟိုလေ... ဘာအရောင်မှမပါဘူး... ကိုယ် စည်းမကျော်ဘူး... ကူး သက်တောင့်သက်သာရှိစေချင်တာ.... အဲ့လို... "
ကူးသည် လက်နှစ်ဖက်ကို တင်းတင်းလေးပိုက်ထားကာ ကိုကြီးကိုကြည့်လိုက်သည်။ ခုတလော ဒီလူ ဘာဖြစ်ချင်နေတာလဲ။
"ကိုရဲဇင်ယော်မြင့်ကိုပြောပြီးပြီ... ကူးအခန်းနဲ့ကိုယ့်အခန်းကို တဆက်ထဲဖြစ်အောင် အတွင်းတံခါးဖောက်ဖို့.. ကိုယ်တို့PNTဆောက်လုပ်ရေးကိုတောင်မသုံးဘူး အတွင်းလူသိမှာစိုးလို့လေ.... ရဲဇင်ရဲ့ ကမ်ပဏီကိုပဲသုံးမှာ... အဲ့တံခါးပြီးသွားရင် ကိုယ်လဲစိတ်ချလက်ချ အခန်းကိုပြန်လို့ရပြီ.... အဲ့အချိန်လေးပဲ.."
မျက်နှာကြီးရဲလာပြီး ကပျာကယာရှင်းပြနေသော ကိုကြီးကြောင့် ကူး တထစ်လျှော့လိုက်ပါသည်။ အမှန်တော့ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးထားသည်ကိုတော့ မပြောပြ​သေးဘဲ လုပ်ချင်ရာလုပ်နေသော ကိုကြီးကို ရစ်ပေးလိုက်မလို့ပင်။
"ကူးနားလည်ပါတယ်... ကူးက Extrabed (အိပ်ယာအပို) သွားယူရင်ကောင်းမလားစဥ်းစားနေတာ.... "
"ကူးသဘောပါ... ဒီနေ့ကတော့ ညဥ့်နက်နေပြီ မနက််ဖြန်မှ Extrabed (အိပ်ယာအပို) ယူလိုက်တော့လေနော် ..ကိုယ် ကူးနဲ့ သမီးကိုစိတ်ချဘူး... သမီးကိုလဲ ဘယ်အခန်းထဲသိပ်သိပ်ရနေအောင်... မိသားစု တစ်စုတစ်စည်းထဲ ဖြစ်အောင်  "
မိသားစု ဟု သုံးနှုန်းလိုက်သောကြောင့် ကူး မျက်ခုံးများမြင့်တက်သွားရပါသည်။ သမီးမွေးကတည်းက အလုပ်ရှုပ်နေတတ်သော ကလေးမပြောနဲ့ ကိုယ့်မိန်းမကိုတောင် လှည့်မကြည့်နိုင်အောင် ပစ်ထားတတ်သူ ဟု ကိုယ်တွေ့လဲ မြင်ဖူးသလို အပေါင်းအသင်းများကြားထဲလဲ ပြောကြလွန်းသော ကိုကြီးက မိသားစုတဲ့လား ။