Part3(Zawgyi)

2K 14 1
                                    

"ငါ ဘာလုပ်ရမလဲ ယွန်းရယ်... "

ယွန်းပွင့်ဝေ သည် စန္ဒကူးကိုငေးရင်းကြည့်နေသည် ။ စန္ဒကူးနေရာမှာ သူမဆိုလျှင်လည်း ဘယ်လိုဆုံးဖြတ်ရမည်မှန်းမသိပေ။

ငယ်စဉ်ကတည်းက စာတော်လွန်းသော စန္ဒကူးကို မိဘများနှင့် အမကချစ်ကြသည့်အပြင် တစ်ကျောင်းလုံးကလည်းဂုဏ်ယူခဲ့ကြသည်။ ယွန်းက သူငယ်ချင်းသာဖြစ်သည် စန္ဒကူးခြေရာကိုလိုက်မမီဘဲ ဘွဲ့တခုရသည်နှင့် ချစ်ရသူ ကိုသွင်ခန့်ငြား နှင့်အိမ်ထောင်ပြုလိုက်တော့သည်။ ယွန်းအိမ်ထောင်ပြုတုန်းက စိတ်ကောက်သွားသော စာဂျပိုးလေး စန္ဒကူးမှာတော့ UKမှာ မတောင့်မတမကြောင့်မကြစာသင်ရင်း ဆရာဝန်တစ်ယောက်တောင်ဖြစ်သွားပြီဖြစ်သည်။

ဆရာဝန်သာဆိုသည် အိမ်ကဝင်ငွေဘယ်ကရနေသည် ကမ်ပဏီက ဘယ်လိုဆိုသည်ကို ဂဃနဏ မသိရှာသော စန္ဒကူးသည် ယခုအခါ ဖြေရှင်းရခက်နေရှာပြီဖြစ်သည်။

"ခုမှ ကိုယ့်ကိုယ်ကိုဆဲချင်တာ ဘဝက အဲ့လောက်ရှုပ်ထွေးလားဆိုပြီး "

"ဘဝက ရှုပ်ထွေးတယ်ဟ ဒါပေမယ့် ဘဝကြီးရှုပ်ထွေးတာထက်ကို နင်တို့ PNT ကပိုရှုပ်တယ်... "

"နင်ကဘယ်လိုသိတာလဲ"

"အယ် ငါ့ကျားကျားက နင့်ကိုကြီး သူငယ်ချင်းအရင်းခေါက်ခေါက်လေဟ"

"အေး ဟုတ်သားပဲ "

"ဘေးကြပ်နံကြပ်ဖြစ်နေပြီ ယွန်းရယ်... "

"ငါအကြံပေးကြည့်မယ် ကူး... နင် ညှိကြည့်ပါလား နင့်ကိုကြီးနဲ့... "

"ဘယ်လိုမျိုးလဲ "

"ခု နင့်အိမ်ကိစ္စတွေက နင်ကိုယ်တိုင်တာဝန်ယူရမယ့်အချိန်ရောက်လာပြီ... ကိုကြီးမင်းစည်သူ က တာဝန်ယူတယ်ဆိုပေမယ့် PNT တည်ထောင်သူရဲ့ သားမက်ပဲ....သားမဟုတ်ဘူး နင်က သမီး..နင့် မျက်နှာပြပြီး နင့်နာမည်ခံပြီး လုပ်သွားရမယ့်ဟာတွေ ရှေ့လျှောက် အများကြီးလာမှာ "

"ငါသိတယ်လေ... ငါ ကိုကြီးကို ယူကိုယူရတော့မှာ ငါသိပါတယ် ကိုကြီး၊မမ၊သမီးလေးနဲ့ ငါ့ရှယ်ယာ အကုန်စုစည်းထားမှ ဆိုတာ ငါသဘောပေါက်တယ်....သမီးလေးအတွက် ငါရှိမှဖြစ်မှာကိုလဲ ငါသဘောပေါက်တယ်.... ငါစိတ်ညစ်တာက အချစ်မပါတဲ့အိမ်ထောင်ရေး...ချစ်တယ်ဆိုတာ ဘာမှန်းမသိဘဲ အိမ်ထောင်ကျရတာကြီးက မမိုက်တာ... "

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောWhere stories live. Discover now