Part11(Uni)

6.1K 233 8
                                    

"ကူး ကိုယ့်ကို​ပြောစရာရှိတယ်ဆိုလို့ "

ကူးသည် ဖီဖီလေးကို နို့ဘူးတိုက်နေရင်းမှ ကိုကြီးကို လှမ်းကြည့်မိပါသည်။ ကိုခွန်နောင်ဆင့် က ဖီဖီ ဟု အဖျားဆွတ်ခေါ်သည်ကို တအိမ်သားလုံး အာတွေ့ကာ သမီးလေးသည် ဖီဖီဟူသော အိမ်နာမည်လေး တွင်သွားရပြီဖြစ်ပါသည်။ သို့သော် ဘာကြောင့်မှန်းမသိ ကိုကြီးကတော့ ဖီဖီဟု အခေါ်နည်းပြီး သရဖီစည်သူဟုသာ အခေါ်များသည်။

ဆေးရုံကဆင်းပြီးနောက် ကိုကြီးသည် ယခင် မမ မဆုံးခင်၃လအလိုမှသည် ကူးUK မသွားခင်အထိရှိခဲ့သော ကိုကြီးပုံစံမှ အနည်းငယ်တော့သွေဖီနေသည်ကို လက်ပွန်းတတီးနေနေမှ တွေ့လာရပါသည်။ ယခင်က ကိုကြီးသည် ဖီဖီလေးကို တနေ့လုံးနေလို့ တစ်ခါပင် မပွေ့ချီနိုင်သည်အထိ အလုပ်များနေတတ်သူဖြစ်ပါသည်။ ယခုနောက်ပိုင်းမှာတော့ ကိုကြီးသည် အချိန်ရအောင်ဖဲ့ကာ ဖီဖီလေးအခန်းသို့ပင် ခဏခဏဝင်နေထွက်နေရုံမက online မီတင်ချိန်များတွင်ပင် ပွေ့ချီကာ အစည်းအဝေးလုပ်သည်အထိ ဖီဖီ့ကို ချစ်ပေးနေလေသည်။

"နေဦး... ခဏ ကိုကြီး ကူးဒါလေးကုန်အောင်တိုက်လိုက်မယ်"

နို့ဘူးလေးက ခဏလေးနဲ့ကုန်သွားမှာ ဖြစ်သည်မို့ ကိုကြီးက ပြုံးကာ အသာခေါင်းငြိမ့်ပြသည်။
နို့ဘူးကို တရစပ်စို့နေသော ဖီဖီလေးကို ကူး မြှူရင်း နို့ဘူးတိုက်နေတော့ ပြုံးယောင်သန်းနေသော မျက်နှာဖြင့် ကိုကြီးက ကူးတို့အနားကပ်လာသည်။
ဘေးကနေ လာပြီး ကူးပွေ့ထားသော ဖီဖီလေးကို အနီးကပ်ကာကြည့်နေလေတော့ ကူးမှာ မနေတတ်သလိုဖြစ်သွားသည်။ ကိုကြီး၏ ရေမွှေးနံ့သည် ကူး နှာဝမှာရစ်ဝဲ၍လာသည်။

"အဟွန်း ...ချစ်ဖို့ကောင်းတယ်"

"ဟင်..."

ကူး၏ နားနားကပ်ကာ လေသံတိုးဖွစွာပြောသော အသံကိုကြားတော့ ကူးလည်း အံ့သြစွာ လွှတ်ကနဲ တုန့်ပြန်ရင်း ကိုကြီးကိုလှည့်ကြည့်မိလာရသည်။ ကိုကြီးက ကူးကိုကြည့်မနေပါပေ ။ ဖီဖီလေးကိုသာ ကြည့်ရင်း ပြုံးနေသဖြင့် ဖီဖီကိုရည်ညွှန်းပြောသည်ဟု ဖော်ပြနေသည်။
သို့သော်လည်း မိန်းမသားတို့၏ ဆဌမအာရုံအရ ဒီစကားက ဖီဖီ့ကို ပြောတာဟုတ်မနေမှန်းလည်း ကူး သိနေလေသည်။
အံ့သြသည်မဟုတ်သော်ငြား ကူး၏ရင်ထဲ အံ့သြမှုလေးတစ်ခုက ဝင်ရောက်အစပျိုးလာရသည်။

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောWhere stories live. Discover now