Part21(uni)

6.8K 352 44
                                    


"ကူးငယ်ကြိုက်တဲ့ သရက်သီးပူတင်းလေး... "

ကူးသည် မမြင်ချင်လို့ မျက်နှာကို တဖက်သို့စောင်းထားကာမှ သရက်သီးပူတင်းဘူးကိုကိုင်ကာ နှုတ်ခမ်းနားလေး လာတေ့ပေးနေလျှင် စိတ်တို့ညစ်လာရပါသည်။

"စားမယ်မလားဟင် ကူးငယ်လေး"

ကူးသည် စကားမပြောချင်လဲ မရ တတွတ်တွတ်ဘေးကလိုက်ပြောနေသော လူကို မျက်စိနောက်နားညည်းလှသဖြင့် မသိချင်ယောင်ဆောင်ကာ မျက်လုံးကိုစုံမှိတ်ထားသည် ။ ကူး၏အသိအမှတ်ပြုမှုကလွဲလျှင် အားလုံးသည် တရားဝင်ဖြစ်သွားပြီဖြစ်သဖြင့် ဒေါက်တာကူး၏ ခင်ပွန်းသည်ပါဆိုပြီး ဘယ်သူ့ကိုမှ လူနာမစောင့်စေဘဲ နေရာတကာဝင်ပါနေသော ဒီလူကို ဘယ်လိုနှင်ထုတ်လျှင်ကောင်းမလဲ စဥ်းစားနေပါသည်။

"မိကူးရေ... "

"ယွန်း.."

သူ့သူငယ်ချင်းယွန်း၏ အသံကိုကြားသည်နှင့်
မှိတ်ထားသော မျက်တောင်ကော့လေးများပွင့်ဟသွားလျှင် တဖျတ်ဖျတ်လက်နေသော မျက်ဝန်းလေးများကပါ ပြုံးသွားသယောင်ဖြစ်နေသည်ကို ကောင်းစည်သူသည် သတိလက်လွတ်ငေးကြည့်နေမိသည်။

"ကိုကောင်းစည်သူ"

ယွန်းကနှုတ်ဆက်သည်ကို ခေါင်းတချက်ငြိမ့်ပြသော်လည်း ယွန်းထံသို့အာရုံသိပ်မထားနိုင်သေး။ အစာစားလို့ရပြီဟု ဆရာဝန်ကဆိုသည်နှင့် ကူးကြိုက်သောသရက်သီးပူတင်းလေးခွံ့ရန် စိုင်းပြင်းနေရသည်။

"ယွန်း ကူးကို ခွံ့ပေးပါ့မယ် "

"ကျွန်တော်ပဲ ခွံ့ပါရစေ ယွန်း..
ယွန်းသူငယ်ချင်းကိုသာ ကျွန်တော်ခွံံ့တာလေး စားအောင်တိုက်တွန်းပေးပါ"

"ကူးရယ်... အစားမစားဘဲနေတာတော့ မဟုတ်သေးပါဘူး.. စားပါဟယ် ပူတင်းလေးကြည့်ရတာပျော့ပျော့လေးပါ"

အစာမစားချင်လို့ ငြင်းနေတာမဟုတ်ဘူး အဲ့လူခွံ့လို့ ငြင်းနေတာဟု ပြောလိုက်ချင်ပါသည်။ ကူးပြောချင်တာကို ယွန်းကသိသော်လည်း စားလိုက်ရန် မျက်နှာရိပ်ပြနေသောကြောင့် ကူးမှာ မရဲတရဲလေး သူခွံကျွေးတာ စားလိုက်ရပါသည်။

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောOnde histórias criam vida. Descubra agora