Part22(Uni)

7.6K 330 68
                                    


"ဆီးပိုက်ဖြုတ်လိုက်ပြီဆိုတော့ ဖြည်းဖြည်းချင်း မတ်တပ်ထ လမ်းလျှောက်တာ အိမ်သာသွားတာတွေ လုပ်လို့ရပြီနော် ဒေါက်တာကူး"

"ရေလဲချိုးချင်ပြီ ခေါင်းလဲလျှော်ချင်နေပြီရယ်... အတော်ပဲ "

ကူးသည်ပေါ့ပါးလန်းဆန်းသွားသည့်ဟန်ဖြင့် ဝမ်းသာစွာ စကားဆိုမိပါသည်။

"ရေတော့မချိုးပါနဲ့ဦး ကူးငယ်လေး..... ကိုယ်ကူးငယ်ကို ရေပတ်တိုက်ပေးမယ်လေ... ခေါင်းလဲကိုယ်လျှော်ပေးပါ့မယ်...တွိုင်းလတ်လဲ ကိုယ်လိုက်ပို့ပေးမယ်နော် ကူးငယ်လေး သွားချင်ရင် ကိုယ့်ကိုပြော... "

"ကျစ် ....ကိုကောင်းစည်သူ"

အမ်မလေး .. သူက ဘာလို့ ကူးကို ရေပတ်တိုက်ပေးရမှာလဲ...ကူးသည် ရှက်ကြောက်စိတ်ဖြင့် ကြက်သီးတွေထကာ  မျက်စောင်းထိုးပြီး တချက်ထအော်လိုက်ပါသည်။နပ်စ်ညီမလေးသည် လင်မယားချင်း စိတ်ကောက်နေသည်အထင်နှင့် ပြုံးစိစိနှင့် ထွက်ပြေးသွားလေသည်။

ပေစောင်းစောင်းကြည့်နေသော သခင်မလေးနားကို ကောင်းစည်သူသည် ကပ်သွားမိရသည်။ ကောင်မလေးထံမှ ပန်းနံလေးရလာသည်နှင့် သူ့စိတ်တွေက နည်းနည်းတော့ ရိုင်းချင်လာသည်။ သူနမ်းခဲ့ဖူးသော စူဝိုင်းဝိုင်းလေးဖြစ်နေသော နှုတ်ခမ်းရဲရဲလေးကို ရီဝေဝေနှင့် စိုက်ကြည့်နေမိသည်။

"ကိုကောင်းစည်သူ ကိုကောင်းစည်သူနဲ့ ခေါ်ရတာ ပင်ပန်းပါတယ် ကူးငယ်လေးရယ်...
ကိုလေး လို့များ မခေါ်ချင်ဘူးလား ... ကျောင်းတုန်းကလိုလေ"

"ဟင်.... "

"ကူးငယ်လေး မှတ်မိလား... "

"ဟင့်အင်း... မမှတ်မိဘူး...ဘာမှ မမှတ်မိဘူး"

အကြောက်အကန်ငြင်းနေသည့်ပုံက ကူးမှတ်မိနေကြောင်းကို သိသာပေါ်လွင်သွားစေပါသည်။
ကောင်းစည်သူသည် ကလေးဆန်နေသော ကောင်မလေးကိုကြည့်ကာ စ နောက် ချင်လာမိသည်။

"ကြည်နူးအပိုင်က ကိုမင်းဆို... ကူးငယ်လေးအပိုင်က ကိုလေးဆို အဟွန်း... "

"ဟင့်အင်း...ကူးကိုလွှတ်"

သေစမ်း.....ဒါဆို သူ... ကိုလေးက ကူးကိုမှတ်မိနေတာပေါ့... ကူးကိုယ်တိုင်တောင် ကာယကံရှင်ဖြစ်ပါလျက် ချက်ချင်း မမှတ်မိခဲ့သည်ကို ကိုလေးက အတိအကျပြောလာခဲ့သည့်အခါ ကူးသည် ကူးမျက်နှာကိုဘယ်နားသွားထားရမလဲ မသိတော့ပေ။

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောOnde histórias criam vida. Descubra agora