Part25(Uni)

7.2K 337 18
                                    

"သားငယ်...သမီးကူး"

"ပါပါး... အန်ကယ်လ်"

သွက်လက်စွာ အခန်းထဲဝင်လာ၍ ဆက်တီတစ်ခုံးစီမှာဘေးချင်းကပ်ဝင်ထိုင်လိုက်သော သူတို့နှစ်ဦးသည် အရင်နှင့်မတူ တက်ကြွရွှင်လန်းနေကြကာ မျက်နှာလေးတွေမှာလဲ ကြည်စင်ဝင်းပ၍ ​သံသယမြူမှောင်တို့ကင်းရှင်းနေကြောင်း ဤအဘိုးကြီးနှစ်ဦးက သတိပြုမိနေကြပါသည်။

"အေး သမီးကူးလဲ ဆေးရုံကဆင်းလာပြီဆိုတော့ ကိစ္စလေးတွေ ပြောချင်လို့ လာခဲ့ကြတာ သက်သာတယ်မလား"

"ကောင်းသလောက်ရှိနေပါပြီ အန်ကယ်လ်"

စန္ဒကူး၏လက်ကလေးကို တဖက်ကဆုပ်ကိုင်ထားကာ စန္ဒကူးမျက်နှာကိုကြည့်ပြီး ပြုံးနေသော သားငယ်ကောင်းစည်သူ၏ မျက်ဝန်းများသည် သမီးကူးကို မျက်စိအောက်ကအပျောက်မခံ တုန်နေအောင်ကို ချစ်ရှာသည်ကိုပေါ်လွင်သော သက်သေပင်ဖြစ်သည် ။ငယ်စဥ်ကတည်းက မိဘကိုပင် ချစ်ကြောင်းသိပ်ပြသည့်ပုံမပေါ်ဘဲ တည်ငြိမ်သော သားငယ်သည် ဒီကလေးမ လှလှလေးနှင့် ရှေ့သွားနောက်လိုက်ညီလှသည်ဟု ဦးကောင်းမင်းထင်မြင်မိသည်။

"ဒီလို... ခုက PNT ကမ်ပဏီတစ်ခုလုံးက CEO အသစ်ရဲ့ PNT ကို ဆက်ဦးဆောင်ပြီး PNTအကျိုးစီးပွားကို ရေရှည်တည်တံ့အောင်လုပ်သွားမယ်ဆိုတဲ့အကြောင်းက အခု ဒီတလအတွင်း hot ဖြစ်နေတာပေါ့ကွာ..."

"Hot news ဖြစ်ချင်စရာဇာတ်လမ်းဇာတ်ကြောင်းတွေကလဲ လူစိတ်ဝင်စားဖို့ကောင်းနေကြတာကိုး... ပြီးတော့ CEO နဲ့ အမွေဆက်ခံသူ CEO ကတော် ကလည်း ရုပ်ရည်နဲ့ပညာအရည်အချင်းတွေကလည်း စောင့်ကြည့်နေကြသလိုမျိုး ဖြစ်နေကြတယ်"

"ဟုတ် ...အန်ကယ်လ်တို့ပြောတာ ယုတ္တိရှိပါတယ် "

"အဲ့ဒါ စီးပွားရေးလောက အသိုင်းအဝိုင်းတွေကရော အပြင်လောကကလူတွေရော စောင့်ကြည့်နေရတဲ့အနေအထားတစ်ခုမှာ သားငယ်နဲ့သမီးကူးတို့ မင်္ဂလာပွဲကို ခမ်းခမ်းနားနားလေး လုပ်လိုက်ချင်လို့
သားတို့အမေကလဲ သားရှင်အနေနဲ့  သမီးလေးကို တင့်တောင်းတင့်တယ်လက်ထပ်ယူဖို့ ပြောနေတယ် သားနဲ့သမီး  ဘယ်လိုသဘောရလဲမသိဘူး"

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောDonde viven las historias. Descúbrelo ahora