Part20(Uni)

6.7K 356 46
                                    

ကူးသည် ဆေးရုံက ဂျူတီခန်းမှာ အိပ်ကာ အိမ်ကိုမပြန်တာ ၃ ရက်ရှိပြီဖြစ်သည် ။ အဝတ်အစားထုတ်ကို မညွန့်ကို စီစဥ်ခိုင်း Driver နဲ့ပို့ခိုင်းစေလိုက်ကာ ဆေးရုံကန်တင်းက အစားအသောက်သာ ယူစားနေလိုက်တော့ သည်။ မညွန့်ကို မနေနိုင်စွာ သတင်းမေးတော့ အဲ့လူလဲ ကူးပြန်မလာတဲ့နေ့ ကတည်းက အိမ်ကိုပြန်မလာဟုပြောသည်။
ဖီဖီလေးကို သတိရသော်လည်း ထိန်းနေသည့်လူတွေက စိတ်ချရသူတွေဖြစ်သဖြင့် ခဏလောက်တော့ ရှိပစေတော့ ဟု ထားခဲ့မိပါသည် ။

သည်ကြားထဲ ခဲအိုဆုံးပါးသော သတင်းကို သတင်းလာမေးကြသူထက် ကူး လက်ထပ်ထားသော သတင်းကို ကြုံတိုင်းအမေးခံရသော ကူးသည် ဆေးရုံမှခွင့်ယူကာ လူမသိအောင် တနေရာသို့ပြေးရန်စဥ်းစားနေရပြီဖြစ်သည်။

"ဟယ် ဒါဆို လာကြိုကြိုနေတဲ့ အကိုကြီးက မမကူးရဲ့ ခဲအိုမဟုတ်ဘူးပေါ့"

" အမက လျှိုထားတာပဲ.... ဒီအမှုကိစ္စပေါ်တော့မှ အမ လက်ထပ်ထားတာပါ ပေါ်လာတော့တယ် အမအမျိုးသားက ချောလိုက်တာ.....တော်လဲတော်တယ်နော်.. "

"ဒေါက်တာကူး အမျိုးသားနဲ့ ခဲအိုနဲ့လူမှားရတယ် တရုပ်ထဲပဲ ချွတ်စွတ်ရယ်ကို... ညီအကို၂ယောက်လုံး လူတော်တွေပဲ "

"သမီးတို့ကို One table နော် အမ "

"မင်္ဂလာပွဲအတွက် မျှော်နေမယ်နော် မကူး"

ခဲအိုတော်ခဲ့ဖူးသော ကိုကြီးဟု ထင်ခဲ့ရပြီးမှ သူ၏ ဟန်ဆောင်မှုများကို မြင်လိုက်ရသောအခါ ၄လတာ  ဘယ်လောက်ပင်ရင်းနှီးခဲ့ပါစေ ရင်ထဲကနေ  လူစိမ်းတစ်ယောက်လို ကူးဘက်က ပြန်ပြီးစိမ်းသက်သွားရသည်မှာ ထူးဆန်းဖွယ်မရှိပါပေ။

ကူးမှာ ခုမှသိရသော ခဲအိုကြီးသတင်းအတွက်လည်း ဝမ်းနည်းကြေကွဲရပြန်သည်။ ဒီကြားထဲ ကူးကိုမယုံကြည်ရသော လူတယောက်လို ဘာမှမပြောဘဲ လိမ်ညာရက်သောသူ့ကိုလည်း စိတ်နာရသည်။ ခုထိလဲ ကူးကို လာမရှာဘဲ မတောင်းပန်ဘဲ မရှင်းပြဘဲ နေစိမ့်သောသူ့ကိုလဲ နာကျည်းမ်ိသည်။ အဲ့လူကိုမှ ရင်ခုန်မိ.. အင်း...ချစ်မိသွားသော ကိုယ့်ကိုယ်ကိုလဲ ရှက်မိသည် ။ အားလုံးကို နာကျင်မိပါသည်။

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောWhere stories live. Discover now