Part12(Zawgyi)

1.7K 19 2
                                    

"ဟာ ...မကူး... မကူးမှာ သွေးတွေနဲ့ "

"ဟင် .."

ကူးဂါဝန်ဖြူလေးမှာ သွေးကွက်လေးများစွန်းထင်းနေသည်။ ကူးမှာဒဏ်ရာမရဘဲနဲ့ ဘယ်ကသွေးကွက်က ......

"ကိုကြီး ...ကိုကြီး လက်မှာ ဒဏ်ရာ"

သူ၏ လက်ဖျံအပြင်ဘက်တွင် ဓားနှင့်ထိုးခွဲခံထားရသဖြင့် ဒဏ်ရာက သွေးများစိမ့်ထွက်နေသည်။ ဒဏ်ရာရနေမှန်းသိသော်လည်း ဤမျှလောက် ကြီးသွားမည် မထင်ထားလိုက်မိပေ။
ကူးသည် ငိုနေသည့်ကြားက သူ့ရင်ခွင်ထဲမှ ရုန်းထွက်ကာ သူ့ဒဏ်ရာကိုစိုးရိမ်တကြီး ကြည့်လာလေသည်။

" တူးတူးရေ သရဖီစည်သူအခန်း တံခါးပြန်ဖွင့်ပေးလိုက်ဦး အပြင်က ငါလော့ခ်ချထားခဲ့မိတယ်အထဲက ကလေးထိန်းကြောက်နေရော့မယ်"

"ဟုတ်ဆရာ.."

"မညွန့် ဟိုနားက ဆေးသေတ္တာလေးပေးပါဦး..... ရေနွေးဇလုံ တစ်ယောက်ပြင်လာခဲ့... "

"ကူး... နေပါဦး... အိမ်ထဲလူဝင်တဲ့ကိစ္စ ကိုယ်လိုက်စစ်မှရမယ်လေ...."

"ဒီ ဒဏ်ရာက ချုပ်မှရတော့မှာလေ..ကိုကြီး... "

"ကူးတို့လုံခြုံရေး..."

"ကျွတ် ...ဒီအချိန်မှာ ကိုကြီးဒဏ်ရာကလွဲရင် ကူးအတွက် ဘာမှအရေးမကြီးဘူး"

အိမ်ကလူများ အားလုံးငြိမ်ကာ ပြုံးစိစိ ဖြစ်သွားကြသည်ထိ ကူးကပြောချမိလိုက်ပြီ။ ကူးသည် ပြောပြီးမှ ကိုယ့်ကိုယ်ကို ရှက်သွားရသည်။အသက်အစိတ်ကျော် အပျိုကြီးလို့ခေါ်လို့မရသေးပေမယ့် အပျိုကြိးတန်းဝင်လာပြီဖြစ်သော ကူးက ကိုယ့်အကိုလိုဖြစ်နေခဲ့သော ကိုကြီးကို ခုတလောမှသာ ရှက်ကိုးရှက်ကန်းနှင့် ရှိန်းဖိန်းနေခဲ့တာ သေချာပါသည်။ အရင်က ပြောစရာရှိရင်ပြော ဆိုစရာရှိရင်ဆိုနှင့် ရှက်တာကြောက်တာ ရင်ဖိုရတာဟူ၍ မရှိခဲ့ရပါပေ ။

တဖက်က ကောင်းစည်သူသည်လည်း ခေတ္တခဏတော့ ငြိမ်ကျသွားရလေသည်။
မည်သို့ပင်ဆိုစေ လူဆိုသည်မှာက ဥပေက္ခာပြုခြင်းနှင့်အလေးအနက်ထားခြင်းတွင် အလေးအနက်ထားခြင်းကိုသာခံယူလိုသည်မှာ ထုံးစံမို့ ကူး၏ သူ့အပေါ်အလေးအနက်ထားခြင်းမျိုးအပေါ် သူသည် စိတ်ချမ်းမြေ့သွားရလေသည်။

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောWhere stories live. Discover now