Part10(Uni)

6.5K 232 1
                                    


"Congratulations ...official အိမ်ထောင်သည် ဖြစ်သွားပြီပေါ့"

"အခု လက်မှတ်မထိုးလဲ နောင်တစ်ချိန်မှာ ...ထိုးရမှာပဲ.....ငါက ..."

"ရှင်းပြစရာမလိုဘူးလေကွာ... ရပြီ... "

ကူးသည် စာကြည့်ခန်းတံခါးရှေ့ တံခါးခေါက်ရန်အလုပ်တွင် ကြားလိုက်ရသော စကားကြောင့် ကိုယ်လေး တုံ့ကနဲ ဖြစ်သွားရသည်။ ကိုကြီးတို့အုပ်စုသည် ဘာတွေပြောနေကြတာလဲဟု နှစ်ခါပြန်၍စဥ်းစားရသည်အထိ ဦးနှောက်မှာအလုပ်မလုပ်တော့ပါ ...

သူတို့စကားအရဆိုလျှင် ကိုကြီးက လက်ထပ်စာချုပ်တွင် လက်မှတ်ရေးထိုးလိုက်ပြီပေါ့....ကူးသည် ခြေဖျားလက်ဖျားတွေ
အေးစက်လာကာ ရင်တုန်သွားသည်လား ရင်ခုန်သွားသည်လားမသိ သရိုးသရီကြီးဖြစ်လာသည်။ အခန်းထဲမှလူများမရိပ်မိခင် ကလေးအိပ်ခန်းထဲသို့ဝင်ကာ ဆိုဖာပေါ်တွင်ထိုင်နေမိသည်။

ကူး အခု အိမ်ထောင်သည် ဖြစ်သွားရပြီပေါ့...ကိုကြီးဘက်ကတော့ဘယ်လိုရှိမယ်မှန်းမသိ ကူးကတော့ ခြေဖျားလက်ဖျားလေးတွေအေးစက်ကာ သွေးထဲမှသကြားဓာတ်တွေ ယုတ်လျော့လာရသလိုပင်ဖြစ်လာရသည်။ ကိုကြီးကတော့ ရှေ့မှာ ပထမအကြိမ် လက်ထပ်ဖူးသည်မို့ ကူးလောက်တော့ စိတ်လှုပ်ရှားမည်ဟု ကူးမထင်ပါ။ တာဝန်အရ လက်မှတ်ထိုးခဲ့တာသာဖြစ်ပါလိမ့်မည်။ ကူးတောင်မှ ဝတ္တရားအရ လက်မှတ်ထိုးခဲ့ရတာပဲလေ။  သို့သော် ကူးလက်မှတ်ထိုးထားသည့်စာချုပ်ကို အခုကိုကြီးက တန်ဖိုးထားစွာလက်မှတ်ထိုးခဲ့ပါသလားလို့ ကူးမျှော်လင့်ချက်ထားကာ မေးကြည့်ချင်ပါသေးသည်။
.
.
.
.
"ကူးရေ... စကားပြောလို့ရမလား ပလိစ်"

"ဟုတ်ကဲ့... ကိုကြီး ရတယ်လေ... "

စာကြည့်ခန်းထဲသို့ ရှေ့မှဦးဆောင်ကာ ဝင်သွားသောကိုကြီး၏ နောက်သို့ ကူးလိုက်ဝင်လိုက်သည်။ စာကြည့်ခန်းစားပွဲတွင် ကိုကြီးနှင့်မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်ရင်း ကိုကြီး ဘာပြောမလဲဟု ကူး ငံ့လင့်နေသည်။

"ကူး..."

"ရှင်..."

ကူးမျက်ဝန်းကိုစိုက်ကြည့်ပြီး လွှဲမသွားသော အကြည့်တို့ကြောင့် ကူးကပဲ အကြည့်ကိုပြန်လွှဲလိုက်ရသည်။ အကြည့်ချင်းဆုံလိုက်သောအခါ ခံစားချက်ကတမျိုးပင်။

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောWhere stories live. Discover now