Part19(Uni)

6.3K 340 59
                                    

ဒီညသည် သူ့ဘဝတွင် ပုံမှန်ညများထက်ကို ညတာအရှည်ဆုံးည ဖြစ်ခဲ့ရသည်။ လူစု၃စုခွဲကာ အလုပ်လုပ်နေကြသော်ငြား သူသည် ထို၃အုပ်စုလုံးအတွက်ကို ချာချာလည်အောင် run ပေးနေရပြီ ဖြစ်သည်။

"မနက်ဖြန် ပြောမယ့် Greeting နဲ့မိန့်ခွန်း edit ရပြီ ဆရာ... ပန်းနံသာကိုပြန်ပြီး ဆရာဝတ်မယ့်အဝတ်အစားပြင်ချိန်မရလို့ ဆရာခွန်နောင်ဆင့်က သူ့ကားပေါ်က အဝတ်သေတ္တာထဲကရွေးထုတ်ခိုင်းထားပါတယ်...ခုအင်တာဗျူးအတွက်တစုံ... မနက်ဖြန် PNT မှာအတွက်ရယ် သတင်းစာရှင်းလင်းပွဲအတွက်ရယ် လိုရမယ်ရ ၃စုံ.... အဲ့ဒါ ကျမသွားရွေးထားလိုက်ပါဦးမယ်... "

သူ့ PA မေမြတ်ခင်သည် သူညွှန်ကြားသမျှအပြင် ရှုပ်ထွေးနေသောအခြေအနေမှ သူမမြင်နိုင်တော့သော အဝတ်အစားစသည့် အခြားကိစ္စများကိုပါ အကွက်မြင်တတ်သူဖြစ်သည်။
သူသည် ခေါင်းကိုသာငြိမ့်ပြနိုင်ပြီး ဦးကျော်ရင် နှင့်ရဲဇင် ထုတ်လာသမျှ စာရွက်များကို ဖတ်ကာ လက်မှတ်ထိုးပေးနေရသည်။

"PNT ရဲ့  CEO အဖြစ် ခန့်အပ်လွှာရယ်... ဒါက စန္ဒကူးနှင်းဆီရဲ့ ကမ်ပဏီကိစ္စအဝဝအတွက် လုပ်ပိုင်ခွင့်ရှိကြောင်း ကိုယ်စားလှယ်လွှဲစာ ၊ ပြီးတော့ဒါက ကောင်းစည်သူနဲ့စန္ဒကူးနှင်းဆီတို့က တူမ သရဖီစည်သူကို ပူးတွဲအုပ်ထိန်းခွင့်နဲ့ မွေးစားစာချုပ် အကုန်ပြီးပြီနော်... အိပ်မက်အိမ် TV show က မင်းစည်သူမရှိတော့ ကောင်းစည်သူ နဲ့ စာချုပ်ဆက်ချုပ်ဖို့ ဒါက..... "

စာရွက်စာတမ်းကိစ္စများ ပြီးပြတ်သွားသောအခါ ချယ်နယ်လ်6နှင့် စကားဆက်ပြောရသည်။ ဦးကျော်ရင်အိမ်က စာကြည့်ခန်းမှာပဲ မနက်ဖြန်မနက်ထုတ်လွှင့်မည့်သတင်းအတွက် အင်တာဗျူးကို ကြိုပြီး တခါတည်းအပြီးရိုက်ရသည်။
ထို့အပြင် သတင်းစာရှင်းလင်းပွဲအတွက် မေးနိုင်သော မေးခွန်းများ သူပြောရမည့်စကားများ ကို သူဖတ်ရဦးမည်။

အင်တာဗျူး ပြီးသွားသောအခါ စီအိုင်ဒီရဲဌာနဘက်ရောက်နေသော ဝဠာ့၏ ဖုန်းခေါ်သံကိုကြားလိုက်ရပြီဖြစ်ပါသည်။

"ကောင်းစည်သူ...ဟို ခွေးကောင် စိုးထိုက်ဝန်ခံပြီ....သက်သေတွေကစုံနေတော့  အောက်တန်းစားက မငြင်းနိုင်တော့ဘူး... . ငွေကြောင့်လုပ်တာ ဦးဆွေဟိန်း သိန်း ၁၀၀၀ပေးလို့လုပ်တယ်ပြောတာပဲ.... #$^&* ငါနဲ့တိုက်ရိုက်မတွေ့လို့ကွ ....ငါနဲ့သာ တွေ့ခဲ့ရရင် %^^#%&* "

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောWhere stories live. Discover now