Part6(Uni)

6.3K 211 0
                                    

"သား... "

သူ့ပခုံးကို ဆုပ်ကိုင်ပြီး သား ဟုခေါ်လိုက်သံသည် ကာလအတန်ကြာ ခပ်စိမ်းစိမ်းနေခဲ့သော သားအဖနှစ်ယောက်ကို ပေါင်းစည်းသွားစေသလိုရှိနေလေသည်။

"လာ အိမ်ထဲဝင်ကြပါဦး...ဟိုက တူမောင် ၃ယောက်လဲ အိမ်ထဲဝင်ပါ"

အိမ်ထဲတွင် အအေးအခေါင်းတခု စီစဥ်ထားပြီး အခေါင်းထဲတွင် သူနှင့်ရုပ်ချင်းတူသော ကိုမင်းက အေးချမ်းစွာ အိပ်ပျော်နေခဲ့သည်။ ကောင်းစည်သူသည် ကိုမင်း၏ရုပ်အလောင်းကိုကြည့်ရင်း သူ့နှလုံးသားကို လက်နှင့်ဆွဲဆုပ်ထိုးနှက်ထားသလိုပင် ခံစားနေရသည်။

"မနက်ဖြန် ရွာသုဿန်မှာ ဂူသွင်းသင်္ဂြိုဟ်မယ် သားငယ်... မင်းမေမေသက်သာသွားပြီ ခဏနေရင် ဆေးရုံကနေ ဒီကို ရောက်လာလိမ့်မယ် "

"နာရေးက ဘာလို့ ဒီမှာဖြစ်နေရတာလဲ... "

ကောင်းစည်သူက ဦးကောင်းမင်းကို ရှုတည်တည်ဖြင့် မေးလိုက်သည် ။ မငိုအောင်ထိန်းထားရသဖြင့် မျက်လုံးများမှာ နီရဲနေသည်။
ဦးကောင်းမင်း သည် ကောင်းစည်သူကို တည့်တည့်မကြည့်ရဲစွာ ဘေးသို့အကြည့်လွှဲကာဖြေသည်။

"PNT မှာ သားကြီးဆုံးတာ သတင်းမထုတ်ပြန်ရသေးဘူး "

"ပါပါး ဘာတွေကြံနေပြန်တာလဲ... ဘာတွေလဲဗျာ... "

"စာကြည့်ခန်းထဲ ခဏလိုက်ခဲ့လိုက်ပါ သားငယ်.. တူမောင်တို့ ခဏထိုင်နေကြဦးနော်.. "

ကျန်၃ယောက်ကိုပြောပြီး အခန်းတစ်ခန်းသို့ ဖြည်းညင်းစွာ ဝင်သွားသော အဘိုးအိုကိုကြည့်ရင်း နောက်ကလိုက်ဝင်ဟန်ပြုသည်။ထိုစဥ် ရဲဇင်ယော်မြင့်က သူ့လက်ကို ဖမ်းဆွဲထားလေသည်။

"မင်းအဖေကို အေးဆေးပြောပါကွာ... သားတစ်ယောက်ဆုံးရှုံးထားတဲ့ အဖေတယောက်ပါ....အကိုတယောက်ဆုံးရှုံးထားတဲ့ မင်းခံစားချက်ကိုလဲ ငါနားလည်တယ်... ငါ့စကားနားထောင်နော်... ကောင်းစည်"

ညီကိုအလွန်ချစ်တတ်သော ရဲဇင်ယော်မြင့်၏ အကျိုးအကြောင်းမျှတသော စကားကို သူ လက်ခံသည့်အနေနှင့် ခေါင်းငြိမ့်ပြလိုက်သည်။

အခန်းထဲသို့ သူဝင်သွားသည့်အချိန်တွင် ပါပါးသည် ဆုံလည်ကုလားထိုင်ပေါ်တွင် ခြေပစ်လက်ပစ်ထိုင်နေလေသည်။ ပါပါးသည် ယောကျ်ားမို့ဟန်တင်းထားသော်လည်း သူမျှော်မှန်းပုံဖော်ထားခဲ့သော ဘုံဗိမ္မာန်တစ်ခု ပြိုကျပျက်စီးသွားသလိုခံစားနေရသော မျက်နှာသည် ပေါ်လွင်နေခဲ့သည်။

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောWhere stories live. Discover now