Part28(Uni)

7K 270 21
                                    

ကူးကို လာကြိုရင်း ကူးတို့ဌာနရှေ့တွင် မတ်တပ်ရပ်စောင့်ဆိုင်းနေသော ကောင်းစည်သူသည် ဌာနအတွင်း လှုပ်ရှားမှုများကိုမြင်နေရပါသည်။

စိတ်ရောဂါဌာန အတွင်းတွင် အတွင်းလူနာများရှိကြရာ တခါတလေ ရောဂါအခြေအနေအရ လွှတ်ထား၍ရသဖြင့် ​လျှောက်သွားနေကြသူများလဲရှိကြသည်။ ထိုထဲက လူနာ တယောက်ကတော့ ဌာန ၏ ကောင်တာ တွင်ဝေ့လည်ဝေ့လည်လုပ်နေသည်ကို သတိထားမိသည်။

"အချောလေး... အချောလေး ဘယ်မှာလဲ"

"ကိုရန်ကျော်ကြီး.. အချောလေးက ခဏနေပြန်တော့မှာ.... လာပါ... အထဲဝင် ...အချောလေး မြင်သွားရင် ကိုရန်ကျော်ကြီး ကိုဆူလိမ့်မယ်... "

"အချောလေး... အချောလေးကိုကြည့်မယ်"

နပ်စ်ဆရာမလေးများနှင့် ထိုလူနာ စကားပြောနေသော အချိန်တွင်ပင် ကူးသည် အလုပ်ဆင်းရန် အထုတ်အပိုးနှင့်ထွက်လာခဲ့လေသည်။

"ကိုရန်ကျော်....ဒါ ဘာလုပ်နေတာလဲ လို့ "

ကူးက မျက်မှောင်ကျုံ့၍ ခပ်ဆတ်ဆတ်လေးပြောလိုက်လျှင် ထိုလူနာသည် ဂုတ်ကိုလက်ဖဝါးဖြင့်ပွတ်ကာ ရယ်ကြဲကြဲဖြင့် ကြည့်နေလေသည်။

"အချောလေး... အချောလေး သကြားလုံး "

"ရော့.. ရော့ အမ်မလေး.... အချောလေးဆိုပြိးမြှောက်နေတာ.. လက်စသတ်တော့... သကြားလုံးလာတောင်းစားတာကျန်း... "

ကူးက အိပ်ကပ်ထဲက သကြားလုံးလေးကိုထုတ်ကာ ထိုလူနာလက်ထဲ ထည့်ပေးလိုက်ပါသည်။

"သကြားလုံးရပြီဆို ကိုယ့်အခန်းကိုယ် ပြန်ရမယ်နော်...အချောလေးစိတ်ဆိုးမှာနော်...  လိမ္မာတယ်..."

ကူးထံမှသကြားလုံးရသည်နှင့် ထိုလူနာသည် ငြိမ်ငြိမ်သက်သက်ဖြင့် နပ်စ်ဆရာမတွေခေါ်ရာ လိုက်သွားလေသည်။
ကူးကတော့ လူနာထံမှအကြည့်ကိုလွှဲလိုက်လျှင် သူ့ ကိုတွေ့လိုက်ရသဖြင့် နှုတ်ခမ်းလေးက ကိုလေးဟု အသံတိတ်ခေါ်ကာ ပြုံးရွှင်စွာပြေးလာခဲ့သည်။ ဂျူတီဝတ်စုံပန်းရောင် အင်္ကျီဘောင်းဘီ ဝမ်းဆက်လေးကို အပေါ်မှ ဂျူတီကုတ်ထပ်ထားသော သူ့ကူးငယ်လေးက ကျော့ရှင်းလှပလွန်းသည်။

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောKde žijí příběhy. Začni objevovat