Part2(Uni)

8.6K 248 2
                                    


ထိပ်တန်းကမ်ပဏီတစ်ခု၏ အမွေဆက်ခံသူထဲမှတစ်ယောက်ဖြစ်သည့်အပြင် ထက်မြက်၍ လုပ်ရည်ကိုင်ရည်ရှိသော လူငယ်CEO တစ်ယောက်၏ ဇနီးဖြစ်သူ ကြည်နူးချယ်ရီ၏ နောက်ဆုံးခရီးသည် နေရာလပ်မရှိအောင်ကို မိတ်ဆွေသင်္ဂဟ လူများစွာ တက်ရောက် နှုတ်ဆက် ရသည့် အသုဘအခန်းအနားတစ်ခု ဖြစ်ခဲ့လေသည်။

ပန်းပွင့်ပန်းဖတ်များကြားတွင် အဖြူရောင်ဝတ်စုံလေးနှင့် လဲလျောင်းနေသော ကြည်နူးချယ်ရီဟူသော မမသည် ကူး ထပ်ခါထပ်ခါခေါ်ပြီး ငိုနေသော်လည်း ကူးကို​ပြန်၍ ထူးနိုင်တော့မည်မဟုတ်ပါ။

ကြေးစည်သံ သည် ရင်ကိုထိတ်ကာ နွမ်းလျပျော့ခွေသွားမတတ်ဖြစ်စေသည် ။ ခွမ်း ကနဲ ရေအိုးခွဲသံကိုလဲကြားလိုက်ရသည် ။ ကူးသည် သရဖီစည်သူကို ကျစ်ကျစ်ပါအောင်ချီထားကာ မျက်ရည်ဖြိုင်ဖြိုင်ကျရပြန်သည်။

လက်ကိုင်ပုဝါလေးတစ်ခုက မြင်ကွင်းရှေ့ကို ရောက်လာရသည်။ ပုဝါ ကမ်းပေးနေသော ကိုရဲဇင်နှင့်ဘေးနားမှာ လာရောက်ကူညီပေးနေသော လူ၂ ယောက်ကို မျက်ရည်များကြားက ကူး မြင်နေရသည်။ မမ ဆုံးသွားသည့်နေ့ကစ၍ အိမ်မှာလာရောက်ကူညီပေးနေသော အကိုကြီး၃ယောက်ကို ကျောင်းတုန်းက သိပ်မမှတ်မိ မရင်းနှီးခဲ့သော်လည်း ယခုနာရေးကာလတွင် ကူး ရင်းနှီးနေပြီဖြစ်သည်။

"လာ... ကူးမ.. ငါ့ကိုကလေးပေးထား"

ကိုခွန်နောင်ဆင့်က ကလေးကိုလက်လွှဲယူကာ ချီပေးသည်။ ကလေးထိန်းအကူအမျိုးသမီးသည် ဘေးကနေ ဖျော်ပြီးသားနို့ဘူးကို ကိုခွန်နောင်ဆင့်ထံလှမ်းပေးနေသည်။ ကိုဝဠာထက်တန်သည် ကိုကြီး နား၌နေကာ ကိုကြီး၏အခြားသူငယ်ချင်းများနှင့်အတူ နှစ်သိမ့်ပေးနေသည်။

မမနှင့် ကိုကြီး၏ကျောင်းနေဘက်ဖြစ်သည် ဟုဆိုသော... ကူးကိုလဲကျောင်းမှာ ၃တန်းကျောင်းသူတုန်းကမြင်ဖူးသည် ဆိုသော ထို၃ယောက်သည် နာရေးအခန်းအနားတွင်လဲ အကွက်စေ့အောင် စီမံခန့်ခွဲကာ ကူညီပေးနေကြသည်။ ဤအချိန်မျိုးတွင် ကိုကြီးသည် ဘယ်လိုအင်အားမျိုးနှင့်မှ ဤသို့စီမံမခန့်ခွဲနိုင်ပါပေ။

ကိုကြီး ဟု ခေါ်ရပါသော မမ၏ခင်ပွန်း ကိုမင်းစည်သူသည် မမ၏ဓာတ်ပုံကိုဖက်ကာ မျက်ရည်များနှင့်ခေါင်းငိုက်စိုက်ကျနေသည်။ မကြာမီတွင် မမ၏ ရုပ်ခန္ဓာသည် မီးခိုးငွေ့အဖြစ် ပြောင်းလဲ ပျံသန်းသွားပေတော့မည်။

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောWhere stories live. Discover now