Part18(Uni)

6.4K 337 34
                                    

"ကူးငယ်ကို ချစ်တယ် "

နှလုံးသားကိုဗဟိုပြုပြီး ငလျင်လှုပ်ခတ်သွားသကဲ့သို့ ကတုန်ကယင်ဖြစ်သွားရသော ကူးသည် ကိုယ့်ကိုယ်ကိုအလန့်တကြား......

ကူးကိုကြည့်နေသော အချစ်စိတ်များယိုဖိတ်နေသော နွေးထွေးလှိုက်ဖြာသော အကြည့်များသည် ဒီရေခဲတုံးကြီးဆီမှထွက်လာသည်မှာ ဘုရားစူးသာ ဖြစ်တော့သည်။ ကူးသည် ရုန်းထွက်ဖို့ကြိုးစားသော်လည်း ရင်ခုန်လွန်း၍ နည်းနည်းလေးမှလှုပ်မလာတော့ပေ။

ကောင်းစည်သူသည် ကူးဖြစ်နေသော ဤအခြေအနေကို အခွင့်ကောင်းယူကာ ကူးပါးနှစ်ဖက်ကို လက်ဖဝါးနှစ်ဖက်ဖြင့် အုပ်ကိုင်၍ ရူးရူးမူးမူးထပ်နမ်းမိပြန်သည်။ အစပြုမိလျှင် မရပ်ချင်တော့သော အရာတစ်ခုကို ၃၂နှစ်ဟူသော အသက်အရွယ်ရောက်မှ သူရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သည်။ ကူးနှုတ်ခမ်းထူထူလေးနှစ်လွှာက နူးညံ့ပြီး အလွန်ချိုသည်။ သူသည် ကူး၏ အပေါ်နှုတ်ခမ်းအိစိုစိုလေးကို ရွရွလေးဖိကပ်စုပ်ယူနေရင်းမှ ရုတ်တရက် ရပ်လိုက်ကာ ဂျယ်လီလေးလို အောက်နှုတ်ခမ်းလေးကို ဆတ်ကနဲကိုက်ပစ်လိုက်သည်။ ကူးသည် လန့်သွားသလို ပါးစပ်လေးဟသွားလျှင် သူ့လျှာကိုတိုးဝင်စေကာ ခပ်ကြမ်းကြမ်းလေး မွှေနှောက် နမ်းစုပ်နေလိုက်သည်။

ကူးသည် ဝိုင်၏အရှိန်က ရိပ်တိတ်တိတ်ဖြစ်စေရသည့်အထဲ ကိုကြီး၏ မွတ်မွတ်သိပ်သိပ်နမ်းနေသော အနမ်းကြမ်းများကြောင် ဒူးညွတ်ကျမတတ်ဖြစ်နေရကာ ကိုကြီး၏ အင်္ကျီရင်ဘတ်ကိုသာ တင်းတင်းဆုပ်ကိုင်ထားရသည်။ တသက်နဲ့တကိုယ် ဒီလိုအတွေ့အထိမျိုးကို မကြုံဖူးခဲ့သဖြင့် မည်သို့မည်ပုံ တုံ့ပြန်ရမည်မှန်းမသိဘဲ တောင့်တောင့်လေးဖြစ်နေကာ လက်ဖျားများအေးစက်နေသည်။ ကိုယ့်ရင်ခုန်သံ ကိုယ်ကြားရလောက်အောင်ထိ ရှည်ကြာသွားသောအနမ်းပုံပြင်များ၏ အဆုံးတွင် ကိုကြီးသည် တောင်းပန်တိုးရှိုးသောအကြည့်များဖြင့် ကူးကို နဖူးချင်းထိကပ်ကာကြည့်လာခဲ့ပြီး ကူး၏ မျက်ရည်တို့စိုစွတ်နေသေးသောမျက်လုံးလေးများကို ကြင်နာစွာ ဖိကပ်နမ်းလိုက်သည်။ နူးညံ့သော  အနမ်းဖြင့် မျက်ရည်များကို ဖယ်ရှားပေးသော ကိုကြီးကို ကူးသည် လက်ကျန်အင်အားလေးဖြင့် တွန်းထုတ်လိုက်ပြီး ခုနကပြင်းရှစွာနမ်းထားသောကြောင့် နီရဲထူအမ်းသွားသည့် နှုတ်ခမ်းလေးကို လက်ဖမိုးလေးဖြင့် ပွတ်သုတ်လိုက်မိသည်။

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောWhere stories live. Discover now