Part24(Zawgyi)

1.5K 25 2
                                    

"ကိုလေး ကူးငယ်ကို သိပ်ချစ်တယ်"

ဒုတိယအကြိမ်ကြားမိရပါသော ချစ်စကားသံ၏ အဆုံးမှာတော့ ကူးသည် နှလုံးသား၏စေလိုရာကို လေနှင်ရာလို လိုက်ပါလာချင်မိပါတော့သည်။

"ကူးငယ် ကိုယ့်ကို ပြန်ချစ်နိုင်မလား "

အမှန်တော့ ကူး၏မျက်နှာမှာ အဖြေကပေါ်နေပြီးသားပါ ကိုလေးရယ်... ကိုလေးကို ကြည့်လိုက်တဲ့အကြည့်တွေတိုင်းမှာ ကိုလေးနဲ့မျက်နှာချင်းဆိုင်ရပ်နေတဲ့ ခုလိုအချိန်တွေမှာ ကူးမျက်နှာပေါ်က အဖြေကို ကိုလေးသိမှာပေါ့နော်...ကိုလေးပြောခဲ့တာပဲ... ကူးက ဟန်ဆောင်မကောင်း ဟန်မဆောင်တတ်ဘူးကိုလေးရယ်.....။

ကူးသည် စိတ်ထဲက မလုံမလဲ ဖြစ်စွာတီးတိုးပြောနေမိပါသည်။ ကိုလေး၏အကြည့်များသည် ကူးတစ်ကိုယ်လုံးကို လွှမ်းခြုံထားပြီး တချက်မှလှုပ်လို့မရတော့သလို သြဇာအာဏာကြီးမားလှသည်။ တခါမှမချစ်ခဲ့ဖူးသော ကူးအတွက်တော့ ဒါအချစ်လား ဝေခွဲမရဖြစ်နေသော်လည်း ဒါအချစ်ပဲဟု တဖက်ကလည်း သိနေပြန်ပါသည် ။

"ကူးငယ် ကိုယ့်ကို တခုခုပြောပါဦး... "

ကူးသည် အတွေးများတထပ်ကြီးနှင့်စိတ်ထဲမှစကားအများကြီးပြောနေမိခြင်းကို ထိန်းသိမ်းဆင်ခြင်လိုက်ကာ ကိုလေးကို ပြန်ကြည့်လိုက်သည်။

"ကူး ကို အချိန်ပေးပါနော်.... "

"စာချုပ်တစ်ခုချုပ်ရင်တောင် အချိန်ကာလအပိုင်းအခြားက ထည့်သွင်းစဉ်းစားရတာပဲနော် ကူးငယ်လေး... အခု ကူးငယ် အချိန်ယူမယ်ဆိုတာ ဘယ်နှစ်ရက်လဲ... ၁ရက်လား ၂ရက်လား"

"ဟင် ၁ရက် ၂ရက်နဲ့ ကူး ဘယ်လို စဉ်းစားလို့ရမှာလဲ.."

"ကူးငယ်က ဥာဏ်ကောင်းပြီးသားပဲကို... ခုပဲ တထိုင်ထဲစဉ်းစားလို့မရဘူးလား.... ကိုယ်လဲ ကူစဉ်းစားပေးမယ်လေ"

ဇွတ်တရွတ်တွေပြောပြီး ကူး၏လက်လေးကိုဆွဲယူပြီး ဆုပ်ကိုင်ကာ ကိုလေး၏ဘယ်ဘက်ရင်ဘတ်ပေါ်တင်ထားခဲ့လျှင် ကူးမှာ မနေတတ်မထိုင်တတ်ဖြစ်သွားရပါသည်။

"ကူးငယ်"

အသံခပ်အစ်အစ်ဖြင့် ကူးအမည်ကို ခေါ်လာသော ကိုလေး၏ မျက်ဝန်းထဲကို စိုက်ကြည့်ဖို့အင်အား ကူးမှာမရှိလှပါ။ ကိုလေး၏ နှလုံးခုန်နေသော ဒုတ်ဒုတ်ဟူသော လှုံ့ဆော်မှုမျိုးသည် ကိုလေးရင်ဘတ်နှင့်ထိစပ်ထားသော ကူး၏လက်ဖဝါးမှတဆင့် သိရှိခံစားနေရသည်မှာ ထူးဆန်းလှသည်။

ချစ်ခြင်းဖြင့် ချဥ်းနင်းဝင်ရောက်လာသော ချစ်ခြင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသောWhere stories live. Discover now