episode 1

17.5K 414 0
                                    

"ခင်.... မောင့်ကို ချစ်လား

"ချစ်တယ်..အသက်တစ်မျှပဲ မောင်...

"မောင့် အသွေးအသားကို လိုက်လျောပေးနိုင်မလား... ဟင်

"မောင့်ကို ချစ်တဲ့ စိတ်ကြောင့် မောင်ကို အရာအားလုံးဖြည့်စည်းပေးဖို့ အဆင်သင့်ပါ....မောင်

"တစ်ကယ်!!

..........------------__________

"စောက်ကောင်မ စောက်သုံးကိုမကျဘူး..ဖာသည်မ ငါ့ကို စောက်ဆံပေးစမ်း..။
__________

"သူတို့ရဲ့ လိုအင်ဆန္ဒတွေ ဖြည့်စည်း
ပေးစမ်း.. သွား အခန်းထဲ
စောက်စကားပြောရလို့ကတော့ စောက်ကောင်မ ငါ့စောက်ကြောင်းသိတယ်နော်..။

__________

ဒေါ်ခင်အေး လူသတ်မှု၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅နှစ်...။
___________

ခင်အေး တွေးလက်စအတွေးများ ဖျက်ကာ ထောင်သားတွေကို ထမင်းဟင်းဝေပေးသည့် အလုပ်အားအာရုံစိုက်လိုက်သည်..။

ထောင်ထဲတွင်ရောက်လာတော့ ခင်သည် ထောင်ထမင်းဟင်းဝေသည့် တာဝန်ကျသည်။
အထက်တန်းစားထောင်သားများ
၏ တောက်တိုမယ်ရအလုပ်များကိုလည်း အားရင်အားသလို လုပ်ပေးရသေးသည်။

"ခင်ရေ ပြီးရင် အစ်မကို အဝတ်လျှော်ပေးပါအုံး ။

"ခင်ရေ ပြီးရင် အန်တီ့ကို ပါဆယ်သွားထုတ်ပေးနော်..။

"ခင် ဘာစားပြီးပြီလဲ.. ရော့ ကိတ်မုန့်စား..။

ထမင်းဗူးဝေရင်း အမျိုးမျိုး အဖုံ
ဖုံ ခိုင်းကြသည့် အထက်တန်း VIPထောင်သားများကြားထဲတွင်တော့ ခင်ဟာ သွတ်လက်ဖြတ်လက်သော အလုပ်ကြမ်းသမား တစ်ယောက်။

သူတို့ခိုင်းတာ လုပ်ပေးရသည်မှာလည်း အမြတ်ရသည် ။အကျိုးယုတ်ခြင်းမရှိ။ အစားအစာပါဆယ် ရောက်လျှင် ရောက်သည့်အစားအစာကို ခင့်ကို ကျွေးကြ မွေးကြ ပေးကြ ကမ်းကြသည်။

"ဘာလိုလိုနဲ့ ခင်တောင် လွတ်တော့မှာပဲနော်... ။ ဒို့ကတော့ ဒီမှာ စံရအုန်းမယ်ကွယ်။

ခင့် ထောင်မိတ်ဆွေသည်
ခင့်ကို ကြည့်ရင်း ပြောနေလေသည်။

"မမမြရယ် လွတ်မယ်ဆိုရင်တောင်
ခင်ကတော့ ဘဝကို ဘယ်လိုဆက်ရမလဲ မသိသေးပါဘူး မမမြရယ်...။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now