episode 6

5.4K 287 1
                                    


"ခင်ရေ... အဆင်သင့်ဖြစ်ပြီလား"

"အဆင်သင့်ဖြစ်ပြီ မမမြ "

"သွားကြမယ်လေ"

"ဟုတ်"

မြ အနည်းငယ် ကြောက်မိသည်။
ခင့်ကို စိုးရိမ်သည်။တစ်စုံတစ်ရာ
လွှဲချော်ခဲ့လျင် မတွေးဝံ့စရာများ
ဖြစ်သွားနိုင်သည် မဟုတ်လား။
ထို့ကြောင့် ခင့်ကို ဒီလိုအလုပ်မျိုး မလုပ်စေချင်။ ရင်ထဲ နှမြောလှသည်။ သို့ပေမယ့် မြ အတ္တကြီးသည်လေ။ မြ အကြံအစည် အောင်မြင်ရမည်လေ။
ခင့် အကူအညီကို မြလိုအပ်သည်။
မြ ထောင်ထဲဝင်ခဲ့ရသည်ကို အချည်းနှီး အဖြစ်မခံနိုင်ပေ။ ခင့်ကို ရွေးချယ်ရခြင်းမှာခင်သည် မိန်းမအင်္ဂါရပ်အားလုံးပြည့်စုံသောကြောင့်ဖြစ်သည်။ ခင်သည် ချောသည် လှသည်ထက် စွဲမက်ချင်စရာ တပ်မက်ချင်စရာကောင်းလှသည်။
ယနေ့လည်း ခင် ဝတ်ထားသည်မှာမြန်မာဝမ်းဆက် ပါတိတ်အနီရောင်
နှင့် စွဲဆောင်မှုကောင်းလွန်းနေသည်။ ဂျိုင်းထိရောက်နေသော ဆံပင် ကောက်ကောက်လေးတွေဟာလည်း ခင့် ပါးချိုင့်နှင့် လိုက်ဖက်လွန်းနေပြန်ပါသည်။ နှစ်လက်မလောက်ထူသည့် ကတီပါ ဖိနပ်အနီရောင်ဟာလည်း ခြေချောင်းလှလှလေးတွေအောက်မှာ ခယလို့။
LVလက်ဆွဲအိတ်အနက်ရောင်ကို လက်ကောက်ဝတ်နား ချိတ်ထားသေးသည်။ ဂန္ထဝင် ဆန်လှသော အမျိုးသမီးကို မိန်းမချင်းဖြစ်သည့် မြသည်တောင် ကြွေမိသည်။

"ဟော...ရောက်ပြီ ခင်" နေပါအုံး
ခင်" ဒီအလုပ်လုပ်မှာသေချာရဲ့လား"

"သေချာပါတယ် မမမြရယ်"
"မြက ခင့်ကို စိတ်မချလို့လား"

"ခင့်ကို စိုးရိမ်လို့ပါ"

"စိတ်မပူပါနဲ့" မြကို စိတ်မပျက်စေရဘူး"

ကျယ်ဝန်းလှသော ခြံဝန်းကြီးထဲသို့ လမ်းလျှောက်ဝင်ခဲ့ကြသည်။
မြသည် sexy ဆန်ဆန် ဝတ်ထားသည်။ မြင်မြင်သမျှ ယောကျားသားတိုင်းသည် မြရှေ့မှောက် ခယချင်စဖွယ်။ တစ်ကိုယ်လုံး အနက်ရောင်သာ ဝတ်ဆင်ထားသော မမမြသည် အထက်တန်းစား ဆန်လွန်းသည်။ မမမြ တတ်ကြွနေသည်။

ခြေလှမ်းငါးဆယ်ခန့် လမ်းလျှောက်ပြီးနောက် ခန်းနားထယ်ဝါသည့် အိမ်ကြီးထဲသို့ စတင်ဝင်လိုက်လေသည်။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now