episode 11

4.9K 263 0
                                    


"ခင်"
"ဘယ်တွေသွားနေတာလဲ"
"စောပြန်သွားတာ ၉နာရီကတည်းက" အခုကြည့် တစ်နာရီခွဲလို့ နှစ်နာရီထိုးတော့မယ်"""

"ကန်ဘောင်မှာ လေညင်းခံနေလို့ပါ"

"ဝတ်ထားတာလည်း ကြည့်ပါအုံး"ဒီပုံစံနဲ့ ကန်ဘောင်မှာ ဒီချိန်ထိ ဘာလုပ်နေတာလဲ" အဲဒီနေရာမှာ
ဒီချိန် ဘယ်လိုလူတွေ ကျက်စားတယ် ဆိုတာ ခင် မသိတာလား"

"ဟက်" လေ့ကျင့်နေတာလေ"
"သူတော်ကောင်းတွေကို မစော်ကားမိအောင်"

"ခင်" !!!
"မြ ခင်နဲ့ မဆင်မပြေတဲ့ ဆက်ဆံရေးကို မဖန်တီးချင်ဘူးကွယ်"
"မြ စိတ်ပူတာကို ခင် မသိတာလား"
"ဒီလို အသိုင်းအဝိုင်းထဲကို ဝင်ရင်
ဒီလိုလူတွေကို သတိထားဆက်ဆံရမယ်ဆိုတာ မြ ပြောပြထားပြီးသားပဲ
ကို ခင် နားမလည်တာလား"

"သတိထားဆက်ဆံလို့ သေအောင်မလုပ်တာပေါ့"!!!ခေါင်းပါ ရိုက်ခွဲချင်တာ""

"ခင်!! ဒီလို ဆက်ဆက်ထိမခံ ဖြစ်နေတယ်ဆိုရင် မြကတော့ ခင့်ကို လွန်လွန်ကျူးကျူးမဖြစ်ခင် ဒီအလုပ် မလုပ်တော့ဖို့ပဲ ပြောချင်တယ်"

"ဘာ !!!!! မမမြ " မမနဲ့ ခင် တိုင်ပင်ထားပြီးသားပဲလေ" ဒီအလုပ်ကို ခင် လုပ်ကို လုပ်ရမယ်"

"ခင့် ရဲ့ အရိုင်းဆန်နေတဲ့ ဒီလိုပုံစံနဲ့ဆိုရင် တစ်လအတွင်းတောင် ခင့်ကို
လည်ဖြတ်ကြလိမ့်မယ်"
"ခင် ဆက်လုပ်ချင်ရင် ကြောင်ပေါက်လိုပဲ နေပါ"
"မြကတော့ ခင့်ကို ဒါပဲပြောချင်တယ်"
"ညဥ့်နက်နေပြီ အိပ်ကြမယ်"

ခင် ဘာမှမပြောတော့ပဲ အိပ်ရာဝင်လိုက်သည်။ စိတ်ထဲတွင်တော့

"ဒီလိုနေရာ ဒီလိုလူမျိူးတွေကို ဖြိုချပစ်မယ်"

__________

ခင့်ကို ဒီနေ့ လေလံတင်ကြမည်။
လေလံတင်သည် ဆိုသည်မှာ အလုပ်စဝင်သူတိုင်းကို ဂေါင်းစားကြီး ဦးမင်းနိုင် အကျိုးအမြတ်ရဖို့ရန်အတွက်လေလံတင်ရောင်းချခြင်းဖြစ်သည်။ လေလံတင်ပွဲတွင်ရသမျှ
ငွေကြေးအကုန်လုံးကို ဦးမင်းနိုင်က
လက်ဝယ်ကြီးအုပ်သည်။ပြီးနောက် လေလံနိုင်သောသူသည် စိတ်ကြိုက်တစ်ပတ်လုံး ခေါ်ထားလို့ရသည်။ သူတို့ ပြုသမျှ နုသမျှခံရသည်။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now