episode 13

5.2K 262 1
                                    


ကြမ်းတမ်းရက်စက်သည့် The roseသည် အမျိုးသမီးတစ်ယောက်ကို မီလီယံပေးဝယ်လိုက်သည့် သတင်းသည် လူချမ်းသာများကြားထဲတွင် ဟိုးလေးတစ်ကျော် နာမည်ကြီးသွားလေသည်။ယောကျားတစ်ကာနှင့် ပျော်ပါးနေတတ်သော သူမလို မိန်းမမျိုးက ယခုလို
မိန်းမတစ်ယောက်ကို အကြောင်းပြချက်မရှိ ဝယ်ယူသွားသည်မှာ အံ့​သြစရာ မဟုတ်ပါလား။

"နှင်း "
"ဘယ်မှာလဲ " သွားခေါ်စမ်း"

"မမကြီး" အဘရောက်နေတယ်"

"အိုး...ဟုတ်လား" ဟင်း...
"လူတွေ လူတွေ တစ်အားစပ်စုကြတာပဲ"

​လှေကားပေါ်မှ ဇိမ်​ပြေနပြေ နှင့် ဆင်းလာသော rose ကို ဦးမျိုးမြင့်
စိတ်မရှည်ပဲ ထိုင်ရာမှ ထလာကာ...

"ဒါဘာအချိုးချိုးလိုက်တာလဲ"
"ဒီလောက်ငွေတွေအများကြီးနဲ့ မိန်းမတစ်ယောက်ကို ပေးဝယ်တာ..
"ဘာတွေထပ်ပြီး လုပ်အုံးမှာလဲ "

"ရှူး...တိုးတိုး" အဖေတူ သမီး လုပ်ကြည့်မလားလို့ စိတ်ကူးမိလို့ပါ..."
"ဘာလဲ ...အဖေက ယောကျားဝယ်စေချင်တာလား"
""အာရုံတွေလာမစားစမ်းနဲ့" အဖေလည်း ကြိုက်တာလုပ်
ကျမလည်း ကြိုက်တာလုပ်မယ်""
"ပြန်လိုက်တော့ ကျမနားချင်ပြီ"နောက်တွေ့ချင်ရင်ပြော လာတွေ့မယ်"

"နှင်း"
"​ဖေဖေ့ကို နားမလည်သေးဘူးလား"
"ဖေဖေ့ကို ခွင့်မလွတ်နိုင်သေးလို့
ဒီလို လုပ်ရပ်တွေ လုပ်နေတာလား"
"ဖေဖေတောင်းပန်ပါတယ် သမီးရယ်" အရင်ကလို ပြန်နေကြမယ်လေ"

"ကိစ္စတွေအများကြီးဖြစ်ပျက်သွားပြီးပြီ" ဖြစ်ပြီးသားကိစ္စကိုလည်း ပြန်ပြင်လို့မရဘူး"...ပြန်လိုက်တော့ " နောက်လည်း ကျမအိမ်ကို မလာပါနဲ့"
"ကိုယ့်ဟာကိုယ်ပဲ ပျော်အောင်နေ"
"ဒါနဲ့ ......ဂုတ်ဝဲလေးက လန်းတယ်နော်"...ဟက်"သူ့လို​ကောင်မကိုများ စင်ကာပူထိတောင်ခေါ်သွား​သေး""

နှင်းဘာကို ဆိုလိုချင်မှန်း ဦးမျိုးမြင့်သဘောပေါက်သောကြောင့်မျက်နှာအနည်းငယ်ပျက်သွားကာ သမီးဖြစ်သူ ကျောပြင်လေးကိုသာ ငေးကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။
သမီးဖြစ်သူ ယခုလို ဆိုးမိုက်နေသည်မှာ သူ့ကြောင့် မဟုတ်ပါလား။ စီးပွားရေးသမားပီပီ နူးညံ့သိမ်မွေ့သော သမီးဖြစ်သူကို ကိုယ်ကျိုးအတွက် လောဘတတ်ခဲ့ခြင်းကြောင့် ယခုလို မဖြစ်သင့်တာတွေ နှင်း ဘဝမှာ ဖြစ်နေသည် မဟုတ်ပါလား။
အချိန်တွေကို နောက်ပြန်ဆုတ်လို့ရမည်ဆိုလျှင် အတိတ်ကို ပြင်ဆင်ချင်မိသည်။
ကိုယ်တိုင် အပျော်လိုက်စားပေမဲ့လည်း သမီးဖြစ်သူ ဆေးစွဲပြီး မဖွယ်မရာ ကိစ္စများလုပ်နေသည်ကိုလည်း သူ မလိုလား။မြင်ရကြားရလျင် ဖခင်တစ်ယောက်အနေနှင့် ရင်နာသည်။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now