episode 47

4.2K 255 4
                                    

(မတက်တစ်တက်ဘိုလိုနည်းနည်းမှုတ်ပါမယ်နော်)

ရုရှားနိုင်ငံ၊ မော်စကိုမြို့Space VIP Moscow Night clubအနီးနားတွင်
နှင်းတို့အတွက် ကျော်ကြီးက ကွန်ဒိုငှားထားပေးသည်။ 

နှင်းတို့ ရုရှားတွင်ရောက်နေသည်မှာတစ်ပတ်ခန့်ရှိလေပြီ။ အခုချိန်ထိလုပ်ငန်းမစရသေး။ အဝေးကြည့် မှန်ပြောင်းနှင့် အချိန်ပြည့် ထိုနေရာကိုသာ စောင့်ကြည့်နေကြသည်။ သိုသိပ်လွန်းသောနေရာမို့ အခုချိန်ထိ အခြေအနေ ဘယ်လိုရှိသလဲ မသိရသေး။ Clubထဲတွင် ကျော်ကြီးတို့ အုပ်စုကို လွှတ်ထားပေမယ့် အခုချိန်ထိ နှင်းတို့သိချင်သော အဖြေမရသေး။

""မြ""

"ကျမတို့ အဲဒီထဲ ဝင်ကြည့်ကြမလား"

"မလုပ်ပါနဲ့ နှင်းရယ်"...အခုချိန်ထိ အခြေအနေက ဘာမှန်းသိရသေးတာမဟုတ်ဘူး"

"တို့ စိတ်မရှည်တော့ဘူးကွယ်...ယွန်းရှိလားမရှိလားဆိုတာ လူလုံးထွက်ပြမှရမှာမဟုတ်ဘူးလား"

""မြပဲ စောင့်နိုင်ရင်စောင့်... ကျမကတော့ ကျမအစီအစဥ်အတိုင်းသွားမယ်"

"နှင်း "

"ဒါသူများနိုင်ငံ....တစ်ခုခုလွဲချော်သွားရင် မလွယ်ဘူးနော် "

"ဟိုမှာလို သတ်ချင်တိုင်းသတ် ဖြတ်ချင်တိုင်းဖြတ်လို့ရတဲ့ နေရာမဟုတ်ဘူး"

"စိတ်ရှည်ရှည်ထားစမ်း"

"ဘယ်ချိန်ထိ ဆက်ပြီးစိတ်ရှည်နေရအုံးမှာလဲ"
"မြပဲဆက်ပြီး စိတ်ရှည်နေလိုက်...ကျမကတော့ ဒီပုံစံအတိုင်းဆက်မသွားနိုင်တော့ဘူး"

""နှင်း!!!!

""နှင်း!!!!

"Rose!!!!

နှင်းပြောကာဆိုကာ ထွက်သွားလေတော့သည်။မြအော်ခေါ်နေတာကိုပင် ဂရုပင်မစိုက်ပဲ လှည့်​မကြည့်တော့။

==============

ဆူဆူညံညံသံတွေကြားထဲတွင် နှင်းတစ်ယောက်လူကသာ ကနေပေမယ့်မျက်လုံးကတော့ ဟိုကြည့်ဒီကြည့်ကစားနေသည်။ လူကောင်ခပ်ထွားထွား လူဖြူကောင်များ နှင်းကိုရစ်သီ ရစ်သီလာလုပ်နေကြပေမယ့် နှင်းကတော့ ဂရုပင်မစိုက် ခပ်ချေချေပင်။ အင်္ဂလိပ်လိုလည်း မျိုးစုံဆဲကာနှင်ထုတ်သည်။ နှင်းဒီclubထဲကို ညတိုင်းလာနေသည်မှာ တစ်ပတ်ခန့်ရှိပြီ။အခုချိန်ထိ ခင်နှင့်တူသောအမျိုးသမီးတစ်စုံတစ် ယောက်ကိုမှ မတွေ့။

မူပိုင် ပြည့်တန်ဆာ...။(Completed)Dove le storie prendono vita. Scoprilo ora