episode 56

4.5K 252 1
                                    

""ပြီးသွားပြီ...အရာအားလုံးပြီးသွားပြီ မင်းနဲ့ထိုက်တန်တယ်လို့ ငါယူဆတယ်""

============

သုံးလခန့်ကြာပြီးနောက်~~~~~

""ဟယ်လို...မမမြ...

""ငါမင်းနဲ့ စကားမပြောချင်ဘူးလို့ပြောထားတယ်လေ""

""ကျမ ကျမ တောင်းပန်ပါတယ် ""

ခင် မြကို စကားပြောဖို့ ကြိုးစားနေသည်မှာ သုံးလခန့်ရှိပြီ...မြလုံးဝမပြောပါ။ လွန်ခဲ့သည် သုံးလခန့်ကဖြစ်ပျက်ခဲ့သည်များကို ကျော်ကြီး ဆိုသူတို့ အုပ်စုရောက်လာခဲ့ပြီး ခင့်ကိုကယ်တင်သွားခဲ့ကြသည်။ ယွန်းသီရိကို သတ်သည်ကြောင့် ယွန်းသီရိ၏
အပေါင်းအပါများက ခင့်ကို ဖမ်းဆီးသတ်ပစ်ဖို့လုပ်နေစဥ်တွင် ဘယ်ကမှန်းမသိသော လူဖြူများဝင်စီးလိုက်ပြီး ခင့်ကိုတော့ ကျော်ကြီးတို့အဖွဲ့ခေါ်ထုတ်သွားခဲ့သည်။ ကျော်ကြီးတို့က
ခင့်ကို မြန်မာပြည်ပို့ရန်စီစဥ်ခဲ့ကြပေမယ့် ခင်လက်မခံပါ။ ​ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များကို အချိန်ယူကာစိတ်ကိုပြင်ဆင်သင့်သောကြောင့်လက်မခံခဲ့ပေ။ ပြီးနောက် နှင်းမရှိသည့် အရပ်ဒေသတွင် ခင်မရှင်သန်လိုပါ။ နှင်းအငွေ့အသက်များကျန်ရှိနေသေးသည့် မြန်မာပြည်တွင် ခင်နေထိုင်ခြေချချင်စိတ်မရှိပါ။

ယခုမှာတော့ ခင်သည် စင်ကာပူတွင်နေထိုင်ကာ ဝိတ်တာအလုပ်ကိုလုပ်ကိုင်လျက် အသက်မွေးဝမ်းကြောင်းပြုနေသည်။ ဒီကြားထဲ မြကိုဆက်သွယ်ပေမယ့် လုံးဝဖုန်းမကိုင်ပါ။

အတိတ်ကို သတိရလာပြီးနောက်ပိုင်းခင့်ခန္ဓာကိုယ်ရှိ သတ္တူးများကို ဖျက်သည်။ ယွန်းသီရိ၏ ဓားစာခံဖြစ်ခဲ့သည်ကိုလည်း ကိုယ်ကိုကိုယ်ရွံရှာလှသည်။ ဒီ့အပြင် ထိုအမျိုးသမီးနှင့် လိင်ဆက်ဆံခဲ့သည်ကိုလည်း တွေးမိတိုင်း ကိုယ့်ကိုကိုယ် မုန်းတီးသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က ယွန်းသီရိ ခင့်ကိုစတင်ဖမ်းခေါ်သွားချိန်တွင် ခင့်ကို ကွန်တိန်နာထဲတွင် ​၂လခန့်ဖမ်းဆီးချုပ်နှောင်ထည့်ထားခဲ့ကြသည်။ပြီးနောက် လူမှန်းမသိအောင်နှိပ်စက်ကြပြီး...သ​င်္ဘောဖြင့်ရက်ပေါင်းများစွာခေါ်ဆောင်သွားခဲ့ကြသည်။ နှင်း အသက်ဘေးမှလွတ်မြောက်ရဲ့လား အသက်ရှင်သေးရဲ့လားဆိုတာကိုလည်း အချိန်ပြည့်တွေးပူခဲ့ရသည်။ ယွန်းသီရိကိုမေးသော်လည်း ဘာမှမဖြေ။ထိုနေ့က ခင့်ကို ယွန်းသီရိလူများခေါ်ထုတ်သွားပြီးနောက်တွင် သေနတ်သံ ကြားလိုက်ရသည်။ ဘယ်လိုတွေးတွေး နှင်းဖြစ်ဖို့များသည်ကို ခင်တွေးမိသည်။ ထိုကြောင့်ခင့်မှာ ရတက်မအေးစိတ်ပူခဲ့ရသည်။ နောက်ဆုံးအကြိမ်ခင့်အတိတ်ကိုမမေ့ခင်မှာ ခင့်ကို လူဖြူများပြူးကြည့်ကြပြီး ဆေးတစ်ချောင်းထိုးပေးလိုက်ကြသည်။ ထိုနေ့မှစ၍ ခင်ဘာဆိုဘာမှမသိတော့ပါ။ ယွန်းသီရိသည်သာ သူမအတွက် တစ်ကမ္ဘာဖြစ်သွားခဲ့သည်။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now