episode 9

5.1K 252 1
                                    


"The Rose" သည် အာရှတစ်ခွင်တွင်ထိပ်သီး နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဦးမျိုးမြင့်၏ သမီးကြီးဖြစ်သည်။ Roseတွင် အမေမတူသည့်  မောင်နှစ်ယောက်လည်း ရှိသည်။
အဖေဖြစ်သူအပျော်မယ်များနှင့် အပျော်ကျူးပြီးရထားသော ကလေးများဖြစ်သောကြောင့်
Roseမုန်းသည်။ ထိုကလေးနှစ်ယောက်ကို သူကိုယ်တိုင်စည်းစနစ်တကျအသက်ရှူပင်မဝအောင် တင်းကြပ်ထားသည်။ ကောင်လေးနှစ်ယောက်မှာလည်း အစ်မဖြစ်သူကို သေးထွက်ကျမတတ်ပင်ကြောက်ကြလေသည်ကို Roseကျေနပ်သည်လေ။

The Rose ၏ မွေးနာမည်မှာ နှင်းမြသန္တာဖြစ်သည်။အင်မတန်နူးညံ့လှသည့်နာမည်မဟုတ်ပါလား။ သူမကို ချစ်သော လူတိုင်းဟာ ယခင်က နှင်း ဟုသာ ခေါ်ကြပေမယ့် ယခုမှာတော့ သူမ၏ အကျင့်စရိုက် မကောင်းသော ဂုဏ်သတင်းကျော်စောမှုကြောင့် The rose ဟုသာ ခေါ်ဝေါ်ကြ
တော့သည်။

အတိတ်မှာတော့ နှင်းသည် အေးချမ်းပြီး သဘောကောင်းသည်။ ချစ်တတ် ကြင်နာတတ် ယုယတတ်ပြီး နူးညံ့သိမ်မွေ့ခြင်းနှင့် ပြည့်စုံသော မိန်းမပျိုလေးတစ်ဦး ဖြစ်ခဲ့ဖူးသည်။

လူတစ်ယောက်ကြောင့် နှင်း စရိုက်ပြောင်းလဲသွားခဲ့ရသည်။ ဆေးစွဲသော နှင်းဖြစ်လာသည်။ မူးယဇ်ရမ်းကားကာထင်တိုင်းကြဲပြီး ရိုင်းစိုင်းသည့် နှင်းဖြစ်လာသည်။ လူသတ်ဖို့
ပင် လက်မရွံ့သော မိန်းမကြမ်း အသွင်နှင့် နှင်း ဖြစ်လာရသည်။

နှင်း လူတစ်ယောက်ကို ချစ်ခဲ့ဖူးသည်။ သူမ ချစ်ခဲ့ရသော သူကသစ္စာဖောက်ခဲ့သည်တဲ့။ ငွေကြောင့် ငွေကို မက်ပြီး နှင်းကို ထားသွားပြီး နိုင်ငံခြားထွက်သွားခဲ့သည်။
နှင်းအဖေသည် ငွေဖြင့် နှင်းတို့ ချစ်ခြင်းကို ခွဲခဲ့သည်လေ။ထိုနေ့မှစ၍ နှင်းရိုင်းစိုင်းခဲ့သည်လေ။ ငယ်မွေးနာမည်ကိုပြောင်းခဲ့ပြီး The Roseဟုခေါ်တွင်စေပြီး နာမည်ကို ကြားလိုက်သည်နှင့် လူတိုင်း ကြောက်ရွံ့ထိတ်လန့်အောင် နှင်း ပါဝါပြခဲ့သည်။

"နိုင်လူ.... မနေ့ညက ကောင်လေးတွေကို နောက်မမြင်ချင်ဘူး" ပျော့လွန်းတယ်"

"ဟုတ်ကဲ့ပါ မမကြီး" ပိုကောင်းတာပြန်ရှာထားပေးပါ့မယ်"

Rose ထိုင်ခုံပေါ်တွင် မှီထိုင်ရင်း ဝိပါ​သော ဆေးလိပ်ကိုဖွာလျက် ပြောနေသည်။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now