episode 21

5.6K 272 4
                                    


ခင် နိုးလာတော့ ဆေးရုံတွင် ဖြစ်နေသည်။ ခင့် ဘေးတွင် ရဲမေများ ရဲများ ​ရှေ့နေများစွာ ဝိုင်းရံလျက်။
ခင် နားမလည်သော စကားများတိုးတိတိုးတိ ပြောနေကြသည်။

"မခင်အေး"
"သတိရလာပြီလား"

ခင့်ကို မေးနေသည့် ရဲအရာရှိ၏စကားကို အာရုံမရောက်နိုင်။
ရုတ်တရက် ခံစားလိုက်ရသော ဟာတာတာအရာတစ်ခုကို သတိရလိုက်သည်။ သမီး၊ ခင့် သမီး။
ဗိုက်ထဲတွင် ဗလာဖြစ်နေသည်ဟု
ခံစားရသည်။ ခင် ဗိုက်ကို စမ်းရင်း...

"သမီး " ကျမ သမီး"
"ကျမ ကလေး အဆင်ပြေလား"

"စိတ်မကောင်းပါဘူး "

ခင် အသံတိတ်ကာ ငိုနေမိသည်။
ယခု ခင့်တွင် ဘာမှမရှိတော့။ အရာအားလုံးဆုံးရှုံးသွားခဲ့ပြီ။ အချစ်ကြောင့် ဆင်ခြင်တုံတရားကင်းမဲ့ခဲ့သည်။ မချစ်သင့်သောလူကို ခင် ချစ်ခဲ့မိသည် ဟူသော နောင်တတရားများ။ နောင်တတရားများရချိန် မိခင်ကို
သတ်မိခဲ့လေခြင်းလား။

ခင် သတိရတော့ ခင့်ကို ရဲများ စစ်ဆေးမေးမြန်းကြသည်။
ခင့်ကို မကြောက်ရန်၊ ပွင့်ပွင့်လင်းလင်းပြောရန် အားပေးကြသည်။
အမျိုးသမီးရေးရာများလည်း ခင့် အမှုကို လာရောက်ကူညီကြသည်။ဝိုင်းဝန်းအားပေးဝန်းရံပေးကြသည်။

အမျိုးသမီးရေးရာအဖွဲ့အစည်း၏အကူအညီကြောင့် ခင် ကိုယ့်ကိုယ်ကိုခုခံကာကွယ်လူသတ်မှုနှင့် ထောင်ငါးနှစ်သာ ချမှတ်ခံခဲ့ရပေမယ့်၊ခင့်ကို မုဒိမ်းကျင့်သွားသော အကောင်တွေကိုတော့ ဘယ်လိုမှ ရှာလို့မတွေ့ခဲ့။ ဖြစ်ပျက်သွားသောအရာများအားလုံးသည် အရိပ်မည်းကြီးတစ်ခုလိုပင်။

_____________

ချွေးဇောများပျံကာ ခင်ကယောင်ကတမ်းဖြစ်နေရာမှ နိုးလာသည်။

"အဆင်ပြေရဲ့လား ခင်"

နိုးလာသည့် ခင့်ကို စိတ်ပူစွာမေးလာသည့် roseကို ခင် ဆွဲဖက်လိုက်သည်။ မျက်ရည်များလည်းစီးကျလျက်။

"အဆင်ပြေရဲ့လား" ခင်"

"......."

ဘာကြောင့်မှန်းမသိ ရုတ်တရက်
ဖက်လာသည့် လက်တစ်စုံကို Rose
ဘာမှ မေးခွန်းမထုတ်တော့ပဲ တင်းကြပ်နေအောင် ပွေ့ဖက်ထားမိသည်။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now