episode 4

5.9K 276 0
                                    


YBS လိုင်းကားပေါ်မှာ ခင်တစ်ယောက် ငူငူငိုင်ငိုင်နှင့် ထိုင်နေမိသည်။ မိုးများလည်း ရွာနေသည်မှာ မစဲနိုင်သေး။ ထိုစဥ် ကားပေါ်တွင်ဖွင့်ထားသည့် သီချင်းသံသည် ခင့် ရင်ထဲ လွှင့်စင်လာသည်။

"🎵🎶မိုးလေးဖွေးတုန်း သတိရတယ်"🎶🎶

🎵
"တစ်ချိန်က သိတဲ့ ပျော်မြူးခြင်းတွေ "🎶

🎵🎶"ဘယ်လောက်ပဲဝေးဝေး မင်းအနားမှာ ထိုင်ကာလေ အမြဲရှိချင်တယ်🎶🎶

🎶🎵"အပြုံးလေးများလို မိုးစက်တွေ ရွာနေပါစေ ကိုယ့်ရဲ့နံဘေး🎶🎶

"ငါ့ဘဝကိုဖျက်တဲ့ခွေးသူတောင်းစား "

သီချင်းအဆုံးတွင် စီးကျနေသည့် မျက်ရည်များသုပ်ပြီး အံ့ကိုကြိတ်ကာ လက်သီးဆုပ်ရင်း နှုတ်ခမ်းဖျားမှလည်း "တောက်.... ခွေးသူတောင်းစား" ဟု တစ်စုံတစ်ယောက်အား ကျိန်ဆဲနေလေသည်။

"​ညှောင်ကုန်း"

" တော်တော် ပြောင်းလဲသွားခဲ့ပြီပဲ။ "

"မေမေရေ...သမီးမိုက် ရောက်လာပြီ"

"အမေ့သမီးမိုက် လင်တရူး ရောက်လာပြီ"

မြေဖို့ထားသည့် မြေပုံနံဘေးတွင် ထိုင်ကာ ခင်သည် ခင့်မေမေအား နှုတ်ဆက်လိုက်သည်။
မိုးရွာထားသဖြင့် မြေများစိုစွတ်နေသည်။
အတိတ်က ခင်အေးသည် မိုးရွာသည်ကို သဘောကျလှသည်။တစ်စုံတစ်ယောက်ကြောင့်
မိုးရာသီကို နှစ်သက်ခဲ့သည်လည်းပါမည်။

ခင့် မေမေသည် မိုးရွာသည်ကို မနှစ်သက် ပေ

"အလုပ်အကိုင်ဖြတ်တဲ့မိုး"

ဟုဗျစ်တောက်ဗျစ်တောက်
မကြာခဏ ပြောဆိုညည်းညူတတ်ပေမယ့် မိုးရွာတိုင်းခင်ရင်ခုန်ခဲ့ရသည်။ ယခုမှာတော့ ခင်သည်လည်း ခင့် မေမေနှင့် တူလေပြီ။ မိုးရာသီကို မနှစ်မြို့ချင်တော့ပေ။ မိုးရွာတိုင်း ဒေါသထွက်တတ်လာသည်။

"မေမေ အေးချမ်းစွာ အနားယူနေရဲ့လား...သမီးမိုက်ကို ခွင့်မလွှတ်ပါနဲ့...
လင်တရူး သမီးကို ခွင့်မလွှတ်ပါနဲ့ မေမေ"

ဟု မျက်ရည်များ စီးကျလျက် ခင် ကလေးတစ်ယောက်လို အော်ငိုနေတော့သည်။
ခင် သုံးနာရီလောက်ထိုင်ပြီးနောက်မိုးရိပ်သန်းလာသည်ကြောင့် ပြန်ရန်မေမေ့ကို သင်္ဂြိုဟ်ထားသည့် တောင်ကုန်းပေါ်မှ ဆင်းခဲ့သည်။
မဆင်းခင်မျက်ရည်များသုတ်လိုက်ပြီး မေမေ့ကို နှုတ်ဆက်လိုက်သေးသည် ။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now