episode 2

7.7K 318 6
                                    

ဘာလိုလိုနှင့် တစ်နှစ်ပင် ကျော်ခဲ့လေပြီ။ ယခုလသည် မိုးတွင်း ဖြစ်၍ စိုထိုင်းစိုထိုင်းနှင့် လူများ၍ လေထုသည်လည်း မကောင်း၊ ရေသည်လည်း ညစ်ထက်ထက်နှင့် အဝတ်အစားများလည်းမှိုနံ့မပျောက်သည်မို့ ခင် အနာပေါက်သည်။ လူတိုင်းလိုလို
အနာပေါက်ကြသည်။ စိုထိုင်း၍ မှိုကြောင့် ဖြစ်တတ်သော အနာဖြစ်ပေလိမ့်မည်။ ခင့် ခြေထောက်ရှိ အနာများသည် တစ်ချက်တစ်ချက်ကိုက်သည်။ မမမြသည်လည်း အနာပျောက်ဆေး မှာပေးရှာသည်။

"ခင့် ခြေထောက် ဖွေးဖွေးလေးတွေပေါ်မှာ ပဲကြီးလှော်လိုတော့ အနာရွတ် အဖြစ်မခံနိုင်ဘူးကွယ်"

ဟုလည်း မကြာခဏ ပြောတတ်သေးသည်။
မမမြကိုတော့ ခင် အမေလို အစ်မလိုချစ်ခင်တွယ်တာမိသည်။မမမြသည် စကားပြောပွင့်လင်းသည်။ စိတ်ပူလွယ်သည် စိတ်တိုလွယ်သည်။ တစ်ခါတစ်လေ ခင့်ကို အလိုမကျလျှင် တင်ပါးကိုလည်း ရိုက်တတ်သေးသည်။ အမေတစ်ယောက်လို ဆုံးမသည် သွန်သင်သည်။ အသက်အားဖြင့် ခင့်ထက် ငါးနှစ်လောက်ကြီးသည်။

"ဟော... ခင် ထွက်ဖို့ တစ်ပတ်ပဲ လိုတယ်နော်" မမမြတော့ ခင့်ကို လွမ်းနေရတော့မှာပဲ"

"မမကလည်း တစ်နှစ်ပဲ ကွာတာကိုနောက်နှစ်ကျရင် ပြန်တွေ့ကြမှာပဲ...ခင်ကသာ ပူညံပူညံ ပြောမဲ့ လူမရှိတော့ အပြင်မှာ နေတတ်မယ်လို့ မထင်ပါဘူး"
"ခင် ထောင်ဝင်စာ လာတွေ့ပါ့မယ်"

"အင်းပါ... နောက် ဘယ်တော့မှ ဒီလိုနေရာမျိုးကို ပြန်ဝင်မလာနဲ့"

"အံမယ်...ခင့်ကိုပဲ ပြောတယ်ရှိသေး..မမမြသာ ပြန်မဝင်ရစေနဲ့"

"ဟား...ဟား..ဟား...ဟုတ်ကဲ့ပါ ခင်ခင်"
"ဒါနဲ့ " မမမြပြောတဲ့ အလုပ်ကို  နားလည်တယ်ဟုတ် "

"သိပါတယ်...စွန့်စားရမှာပေါ့
ဒီလောက်တော့  အေးဆေး""

"အင်းပါ... မြကို စိတ်မချအောင်တော့ မလုပ်နဲ့" မြ ရင်ကွဲရလိမ့်မယ်"

"Ok ပါရှင် "

___________________

ကျွီ...,...ဂျက်...အင်းစိန်ထောင်တံခါးဖွင့်သံကြားသည်နှင့် အပြင်သို့ ခြေတစ်လှမ်းချင်း လှမ်းမိသည်။ အပြင်လောက လေထုကို တစ်ဝကြီး ရှူရှိုက်ရင်း မျက်လုံး စက္ကန့်မျှ မှိတ်ထားလိုက်သည်။
အပြင်လောကနှင့် မထိတွေ့ရသည်မှာ ငါးနှစ်ခန့်ပင် ရှိပြီ မဟုတ်ပါလား။
ခင် မျက်ရည်ဝဲ မိသည်။ လွတ်လာပေမဲ့ ခင့်မှာ တွယ်တာစရာ ပြေးတွေ့စရာ လူရယ်လို့ တစ်စုံတစ်ယောက်မျှ မရှိ။ အလိုလို ဝမ်းနည်းမိသည်။
ခင်ထိန်းချုပ်သည့်ကြားမှ မျက်ရည်များ စီးကျလာသည်။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now