""ဘေဘီ...ဒီနားကို လာပါအုံး"
ခင် ရေချိုးပြီးထွက်လာတော့ ကုတင်ပေါ်တွင် ခြေထောက်ချိတ်ကာ လက်ပိုက်ပြီး လဲနေသော နှင်းကိုတွေ့လိုက်ရတော့ အနည်းငယ်လန့်သွားသည်။
သူမ မျက်နှာသည် နေ့လည်ကလို မျက်နှာမျိုး မဟုတ်တော့ပေ။ ချိုသာသောအပြုံး နူးညံ့သောအကြည့်နှင့်။မျက်လုံးများပင် မှေးစင်းကာ ခင့်ကိုကြည့်နေသေးသည်။ ရေချိုးပြီးထွက်လာသည်မို့ သဘက်သာပတ်ထားသော ခင့် ခန္ဓာကိုယ်တစ်ကိုယ်လုံးကို
အကဲခက် ကြည့်နေပြန်သည်။ ခင် မျက်နှာသုပ်သဘက်နှင့် ရင်ဘက်ကိုအုပ်လိုက်ကာ သူမခေါ်ရာကို မသွားပဲရေချိုးခန်းတံခါးနားမှာပဲ ရပ်ကာ.....""ဘာလာလုပ်တာလဲ""
"လွမ်းလို့"
"လာပါအုံးလို့""မလာနိုင်ဘူး"
ခင်ပြောကာ အဝတ်ဘီရိုရှိရာသို့ လျှောက်သွားလိုက်သည်။ ခင် အဝတ်မြန်မြန်ဝတ်ဖို့လိုသည်လေ။ ဟို အမျိုးသမီး၏ အကြည့်များကို ခင်အကဲခက်မိသည်။
နှင်းအကြည့်များက ရိုးသားမနေ
သည်ကို ခင် သိသည်။
သူမ ခင့်ကို တစ်စုံတစ်ခု လုပ်
တော့မည်။ ခင် အဲဒီလို ရက်စက်သည့် အမျိုးသမီးနှင့် အတူမနေနိုင်။ လက်ပြတ်နေသည့်အမျိုးသမီးနှင့် သွေးသံသရဲရဲထွက်ကာ အော်နေသည့်
အမျိုးသမီး၏ အသံများအခုထိ ကြားနေတုန်း။ ဝန်ခံရလျင် ခင် နှင်းကို ကြောက်သည်။ ကြောက်သွားခဲ့သည်။နှင်းပုံစံက စိတ္တဇနှင့် တူတူလာသည်။"ဘေဘီက မလာတော့လည်း တို့ကပဲ လာရမှာပေါ့"
အနီးကပ်ကြားလိုက်ရသည့်အသံနှင့်အတူ ခင့်ခါးပေါ်ရောက်လာသည့် လက်တစ်စုံကြောင့် ခင် အနည်းငယ်တွန့်ကာ လန့်သွားသည်။
"ဖယ်စမ်း"
"ကျမ အင်္ကျီဝတ်မလို့""ချစ်လို့ပါ.."
"တို့ အသွေးအသားက ဆာလောင်နေပြီ"အနောက်မှ ခင့် ခါးကိုဖက်ထားပြီးခင့် လည်တိုင်တစ်ဝိုက်ကို နမ်းရှုံ့နေသည်။
"ဖယ်..လို့ပြောနေတယ်"
ခင် အတင်းရုန်းကာ တွန်းထုတ်လိုက်သည်။
YOU ARE READING
မူပိုင် ပြည့်တန်ဆာ...။(Completed)
Non-Fictionမူးယဇ်ဆေးထက် ယဇ်မူးစေနိုင်တဲ့ ခင့် အလှက အထက်တန်းဆန်လွန်းတယ်။