episode 24

5.7K 271 3
                                    


"ဒိုင်း...ဒိုင်း...ဒိုင်း"

သေနတ်ပစ်သံအကြား မြတစ်ယောက် ပျာယာခက်ပြီး ပြေးလေသည်။

"တောက်" ရဲတွေက ဘယ်လိုသိသွားရတာလဲ"

လက်ထဲတွင်လည်း ငွေသားအပြည့်
ပါသော လက်ဆွဲအိတ်ကို ဆွဲလျက်နှင့် ကားအကွယ်တွင် ငုံ့နေသည်။
သေနတ်သံရပ်သွားတော့ မြ ပုန်းလို့လွယ်သည့် ခြုံထဲသို့ တစ်ဟုန်ထိုးပြေးလေတော့သည်။ လက်ထဲမှ အိတ်ကိုလည်း လွတ်မချနိုင်။ မနိုင်မနင်းဆွဲပြီး​ပြေးသည်။
တော်သေးသည် မြဒီနေ့ ဝတ်ထားသည်မှာ မိန်းကလေးမှန်းသိပ်မသိသာ အဖော်ပါပေမယ့် သေနတ်သံကြောင့် လူကွဲသွားခဲ့သည်။

"ဟယ်လို"ကျမ ဒီနေ့ပြန်မလာနိုင်ဘူး"
"ခြေနည်းနည်းရှုပ်နေလို့"

"ပစ္စည်းကော"

"ရှင့်ပစ္စည်း မရမှာ သိပ်စိတ်ပူနေလား" နောက်တစ်ခါ ရှင်ကိုယ်တိုင်ထွက်လုပ်"

မြ ဖုန်းချလိုက်ပြီး မြောက်ဥက္ကလာတစ်နေရာဆီသို့ ခြေလှမ်းဦးတည်လိုက်သည်။

___________

ခင်တို့ ခရီးထွက်ပြီးပြန်လာချိန်မှစ၍ခင်နှင့် rose ရယ်ရယ်မောမော ဆက်ဆံရေးဖြစ်လာသည်။

"တီ....တီ...တီ"

"မမခင်ရေ " မမကြီးပြန်လာပြီ"

"ကားဟွန်းတီးသံကြားပါ့တော်"
"တံခါးဖွင့်မပေးရင်များ ဝင်ကျုံးမလားတောင် စိတ်ပူရတယ်"

"ခင်" ခင့်ဖို့ မုန့်တွေဝယ်လာတယ်"

"နောက်မဝယ်ပါနဲ့ " ခင် မုန့်ကြိုက်တဲ့အရွယ်မဟုတ်တော့ဘူး"

"အိုး.." ဒါဖြင့် ခင့် အရွယ်က ဘာကို ကြိုက်တဲ့ အရွယ်တုန်း""

"ဘာတွေမေးမှန်းလည်းမသိ"

""ဘာတွေတွေးမှန်းလည်းမသိ""

"နှင်း"

"ခင်"

"နှင်းနော်"

"ခင်နော်"

"ပေးပေး မမခင်မစားရင် မိအေးပဲ စားလိုက်တော့မယ်"

ခင်တို့ ကျီစယ်နေသည်ကို ကြားမှ မိအေးက မုန့်ကို လုပြီး ထွက်ပြေးသွားလေတော့ ခင်နှင့် နှင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိတော့ ခင့်က ရယ်နေပေမယ့် နှင်းကတော့ ဆူပုတ်သတ်နေသည်။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now