episode 46

4.1K 249 4
                                    

"ခလွမ်း

ရေခွက်ပစ်ချသံ။

""တောက်စ်...ဘာကိစ္စနဲ့ မတွေ့ရသေးတာလဲ""
"သူ...သူ...သူရှိကို ရှိရမယ်"

"စိတ်ထိန်းစမ်း နှင်းရယ်"

ရုရှားတွင် လူများလွတ်ထားပြီး ရှာနေသည်မှာ တစ်လပင်ရှိလုပြီ။ရှာနေသည်မှာလည်း နေရာပင်နှံ့နေလေပြီ။အခုချိန်ထိ ဘာသတင်းအစအနမှ မကြားရသေးသဖြင့် နှင်း ပေါက်ကွဲနေခြင်းဖြစ်သည်။ တွေးမိတွေးရာ စဥ်းစားမိသမျှနေရာအနှံ့လိုက်ရှာပြီး
ပြီဖြစ်သောကြောင့် ရုရှားတွင်
ရှိကိုရှိရမည်ဟု နှင်း တွက်ဆထားသည်။ ထို့ကြောင့် ဘာသတင်းအစအနမှ မကြားမသိရသေးသည်ကို စိုးရိမ်စိတ်ဖြင့် ဒေါ
သထွက်မိနေခြင်း။

"မြတို့ ထပ်ပြီးရှာကြတာပေါ့"

""ပြီးတော့ နှင်း သွားအိပ်လိုက်တော့..နှင်းမအိပ်တာ ဘယ်နှရက်ရှိပြီလဲ"

"ကျမ မအိပ်ချင်ဘူး
"ခင့်ကို ရှာရအုံးမယ်"

"နှင်း...ကျမကိုကြည့်စမ်း....နှင်းအိပ်မှရမယ်..အစားများများစားမှရမယ်..ခင့်ကို ရှာဖို့ အားမွေးထားရမယ်လေ"
""ခင်ကကော နှင်းဒီလို မအိပ်မစားပဲနေနေတာကို ကြိုက်မယ်ထင်လား""
"နှင်းတစ်ခုခုဖြစ်သွားရင် အားလုံးပြီးဆုံးသွားလိမ့်မယ်...သွားအိပ်လိုက်ပါ နှင်းရယ်"

"ဟုတ်..ဟုတ်သားပဲ ကျမ အားရှိမှဖြစ်မယ်...
"သွား....သွားအိပ်ရမယ်...ကျမအိပ်လိုက်အုံးမယ်"
"သတင်းတစ်ခုခုထူးတာနဲ့ ကျမကို ချက်ချင်းပြောနော်"

မျက်နှာဖြူဖက်ဖြူရော်နှင့် အပေါ်သို့တန်းတန်းမက်မက် တတ်သွားသော နှင်းကို ကြည့်ကာ မြ စိတ်မကောင်းဖြစ်မိသည်။ နှင်းပုံစံက လူသေလိုပင်
ဖြစ်နေသည်လေ။ သတိပေးမှစား သတိပေးမှအိပ်  ခင့်နာမည်တပ်ပြီး ချော့မော့ပြောရသည်။ သူသည်။တစ်ခါတစ်လေပြောလို့မရလျှင်လည်း ခင်နှင့်ကိုင်ပေါက်မှသာ ပြောစကားနားထောင်တတ်သည်လေ။
........................

""တူ....တူ....တူ....တူ..."

"တူ...တူ...တူ...တူ..."

ညသန်းခေါင် vibrateလုပ်ထားသော
ဖုန်း မြည်နေသည်မှာ ၅ကြိမ်လောက်ပင်ရှိပြီ။ ဖုန်းပိုင်ရှင်ကတော့ ဒီ​ညမှ အိပ်ကောင်းခြင်းနှင့် အိပ်ပျော်လို့နေသည်။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now