episode 34

5K 268 8
                                    

""ခင်""!!!

""ဘယ်လိုဖြစ်တာလဲ တို့ကို ပြောစမ်း"

""ခင်... လို့""
"ပါးစပ်ပိတ်မနေစမ်းနဲ့"
"ဘာဖြစ်သွားတာလဲဆိုတာ တို့သိချင်တယ်"

"""နှင်း..... ""

""ပြော...တို့နားထောင်နေတယ်"

"ခင့်ကို ချစ်လား.... ဟင်"

ခင့်အသံ ကတုန်ကယင်နှင့် နှုတ်ခမ်းများပင် တုန်ယင်နေသည်။နှင်း ဘာမှပြန်မဖြေပဲ ခင့်ကို ပွေ့ချီလိုက်ကာ ရေချိုးခန်းထဲ ခေါ်ဆောင်သွားတော့သည်။ အညစ်အကြေးများ အရင် ဆေးကြော​ရမည်လေ။ 
လက်များတွင် ခြောက်ကပ်နေပြီဖြစ်သော သွေးစများကို နှင်းကိုယ်တိုင်ဆေးကြောပေးနေသည်။ပြီးနောက်ခင့် အဝတ်များကို ချွတ်လိုက်ကာ သူမ ကိုယ်တိုင်ရေချိုးပေးလိုက်သည်။ ပြီးနောက် ကုတင်ပေါ်ပြန်ပြီးပွေ့ချီလာကာ...

""တို့... ခင့်ကို ဘယ်လောက်ထိ ချစ်သလဲဆိုတာ.... ဒီနေ့ အဖြစ်အပျက်ကို တို့ ဘာမေးခွန်းမှမထုတ်ပဲ မသိခဲ့သလို
မရှိခဲ့သလို နေပေးမယ်""
"ဘာမှမဖြစ်ခဲ့သလို နေပေးမယ်"

""အဲဒါက တို့ ခင့်ကို ချစ်မြတ်နိုးတဲ့ ချစ်သက်သေပဲ""

""ခင့်ကို တို့က ကာကွယ်ပေးမယ်"

"တို့ကို ယုံယုံကြည်ကြည်နဲ့ မှီခိုလို့ရပါတယ်"
""ခင်.... အိပ်လိုက်တော့"
"မင်္ဂလာပွဲရှိသေးတယ်"
"တို့ ချစ်ရတဲ့ ခင်က လှနေမှဖြစ်မယ်"

နှင်း ခင် အိပ်ပျော်သွားသည်ထိ စောင့်ကာ ဖေဖေပြန်လာမည် ဟူ၍ အောက်သို့ ပြန်ဆင်းသွားသည်။

""ဖေဖေ...အဆင်ပြေလား"

"အေးဆေးပါ သမီးရယ်"
"စိတ်မပူပါနဲ့"...

"သမီးတောင်းပန်ပါတယ် ဖေဖေ"
"နောက်ဆို လိမ်မာပါတော့မယ်"

""ဟာ...တောင်းပန်စရာမလိုပါဘူး""
"သမီး လိမ္မာအောင်နေရင်ပဲ ဖေဖေကျေနပ်ပြီ"နောက်တစ်ကြိမ် ဒီလိုအမှားမျိုးထပ်မလုပ်မိစေနဲ့""

""ဟုတ်ကဲ့ပါ""

နှင်း ငိုမဲ့ငို့မဲ့နှင့် အဖေဖြစ်သူကို ဖက်လိုက်ကာ မူယာမာယာများနေတော့သည်။ ဒီကိစ္စက နှင်းလုပ်သည်မှမဟုတ်ပဲ။ သို့ပေမယ့် နှင်းချစ်သောသူကို ကာကွယ်ပေးရမည်လေ။ 

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now